images
UN
UN
မေတ္တာထာဝရ
ကိုလှ(နပတ) Thursday, 04 February 2021
* မေတ္တာဟူသည် ပြောသည်အများ
မေတ္တာထားပါ ပျူငှာခွန်းဆက်
မပျက်သစ္စာ ကြည်ဖြူစွာဖြင့်
ကမ်းလင့်ခွန်းချို ဖွင့်ဆြို>ွမက်ဟ
ပြောကြစကား အလွန်ကြားရ
နားဝသကာ ပျားရည်လားသို့။
* ခုခါအများ ပြောကြားဖက်ရှင်
သဏ္ဌာန်ထွင်လို့ ငါတို့အများ
လူကြားကောင်းအောင် စွမ်းဆောင်လေလား
ဝေဝါးမသိ အသိစိတ်မှာ
တကယ်ပါသည် လိမ်ညာမည်ဟု
အတုလေလား တွေးမှားသံသယ
ဖြစ်နေကြရင် ကြာလျှင်စိတ်ဝမ်း
အကဲစမ်းလို့ ငါတို့ကွဲကြပေလိမ့်မည်။
* အသိသတိ အမှန်ရှိလျှင်
ပြုပြင်စကား မေတ္တာထား၍
မှန်သားလိုပင် ပဲ့ထင်ရောင်ပြန်
မြဲမြန်စိတ်ဓာတ် မွန်မြတ်စေတနာ
ထားကြည့်ပါက လောကအလှ
သင်တွေ့ရမည် ဒါသည်မေတ္တာထာဝရပါ။