images
UN
UN
တွံတေးမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
မျိုးလှိုင်(တွံတေး) Thursday, 04 February 2021

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ်တွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ အသက်တစ် နှစ်အောက်ကလေးများနှင့်ကိုယ် ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း ကို ယနေ့ နံနက်ပိုင်းက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုး၊ဆေးတိုက် လုပ်ငန်းတွင်အသည်းရောင်အသားဝါ (ဘီ)၊ပြင်းထန်အဆုတ်ရောင်၊ပြင်း ထန်ဝမ်းပျက်ဝမ်းလျှော စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများထိုးနှံ ပေးခဲ့ပြီး ဆုံဆို့၊ကြက်ညှာ၊မေးခိုင် ဦးနှောက်အမြှေးရောင်၊ အသည်း ရောင်အသားဝါ(ဘီ)ရောဂါများကို ကလေးများအတွက် ကာကွယ် ပေးကြောင်း တာဝန်ရှိသူဆရာမ ဒေါ်မေမေဦးထံမှ သိရသည်။
ဆေးထိုး၊ ဆေးတိုက်ခြင်းကို ကလေးငယ်များ၏အသက်အပိုင်း အခြားအလိုက်ဆောင်ရွက်ခြင်းဖြစ် ကာ မြို့ပေါ်ရပ်ကွက်များနည်းတူ ကျေးရွာများ၌ပါ လစဉ် ၁ ရက် နေ့မှစတင်ဆောင်ရွက်ပြီး COVID-19 ကာလ လူစုလူဝေးမဖြစ် ပေါ်စေရေးကျန်းမာရေးဝန်ထမ်းများ ကတစ်နေ့လျှင်ကလေး ၅ဝကိုသာ ကာကွယ်ဆေးထိုးဆေးတိုက်ဆောင် ရွက်ကြောင်း သိရသည်။
တွံတေးမြို့ပေါ်ရှစ်ရပ်ကွက် တွင် ကလေးငယ် ၆ဝဝ နီးပါး ကာကွယ်ဆေးထိုး၊ဆေးတိုက်ဆောင် ရွက်ရကြောင်း သိရသည်။