မာလာဝီတွင်စာစစ်မှူးတစ်ဦး
အဖြေလွှာပေါက်ကြားမှုဖြင့်အဖမ်းခံရ
Thursday, 04 February 2021
မာလာဝီနိုင်ငံတွင် အထက် တန်းပညာရေးအဆင့် စာစစ်မှူး တစ်ဦးကို အဖြေလွှာပေါက်ကြား မှုထင်ရှားသဖြင့် တာဝန်ပျက်ကွက် မှုဖြင့် ယနေ့ဖမ်းဆီးလိုက်သည်။ရဲတပ်ဖွဲ့က ကြိုတင်သတင်းထုတ် ပြန်ခြင်းမရှိဘဲ ရုတ်တရက်ဖမ်းဆီး လိုက်ခြင်းဖြစ်ပြီး စာမေးပွဲအဖြေ လွှာများကို ပြန်လည်စစ်ဆေးမည် ဟု ကြေညာလိုက်သည်။ ချီအန် ဒါဆိုသူ အဆိုပါ စာစစ်မှူးသည် အစောပိုင်း လူမှုကွန်ရက်တွင် ငြင်း ဆိုထားသော်လည်း အဖမ်းခံရ သည့်နောက် သတင်းထောက် များကိုဖြေကြားရန် ငြင်းဆိုထား သည်။၎င်းနှင့်အတူ လက်ထောက် စာစစ်မှူး သုံးဦးကိုလည်း ရဲတပ် ဖွဲ့က ဖမ်းဆီးထားသည်။ပြီးခဲ့ သည့် နိုဝင်ဘာလက အဖြေလွှာ များပေါက်ကြားခဲ့ပြီးနောက် မာ လာဝီသမ္မတက အဆိုပါပြဿနာ ကို ဖြေရှင်းရန်ညွှန်ကြားခဲ့သည်။
Ref:ABC