အူဂါစခန်းအတွင်းအဓမ္မပြုကျင့်မှုဆိုင်ရာ အမေရိကန်စွပ်စွဲချက်များကို တရုတ်ငြင်းဆန်ကန့်ကွက်
Thursday, 04 February 2021
တရုတ်နိုင်ငံအနောက်မြောက် ပိုင်း မူဆလင်လူမျိုးစုများကို စခန်းသွင်းထားရာ လုံခြုံရေး စည်းအတွင်း အဓမ္မပြုကျင့်မှုဖြစ် ပွားခဲ့သည်ဆိုသော အမေရိကန်၏ စွပ်စွဲမှုကို တရုတ်ဘက်က ငြင်း ဆိုကန့်ကွက်လိုက်သည်။BBC က တင်ပြသည့် ဆောင်းပါးတစ်ပုဒ် အပေါ်အခြေခံ၍ အမေရိကန်ဘက် က စိတ်ပျက်ဖွယ် ဖိနှိပ်မှုအဖြစ် စွပ်စွဲထားခြင်းဖြစ်သည်။ အဆိုပါ လူမှုပြုပြင်ရေးပညာပေးစခန်းအ တွင်းနေထိုင်ခဲ့ရသူများကို မေးမြန်း ၍ BBC ကတင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ သတင်းအမှားများ ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ထားသည်။ယုံကြည်ရသည့် အချက်အလက် များအပေါ်တွင် အခြေမခံသည့် စွပ်စွဲချက်ဟုလည်း ဆိုသည်။အမေရိကန်ဘက်ကမူ စနစ်တကျ ကျူးလွန်သည့် အဓမ္မမှုဟု စွပ်စွဲ ထားသည်။ တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ရှင်ကျန်းဒေသရှိ အူဂါ မူဆလင်အရေးသည် ကာလရှည် ကြာ ပြဿနာတစ်ခုဖြစ်သည်။အဆိုပါလူ့အဖွဲ့အစည်းကို တရုတ် အစိုးရက ထိန်းချုပ်ထားသည်ဟု အမေရိကန်က စွပ်စွဲထားသည်။
တရုတ်ဘက်ကမူ လူမှုသဟ ဇာတဆိုင်ရာ ပြန်လည်ထူထောင် ရေးပညာပေးစခန်းဟု အမည်ပေး ထားသည်။
Ref:Dailymail