ကိုဗစ်လူနာများကို မထိန်းချုပ်နိုင်တော့ကြောင်း
င်္ခေနဘသသု သတင်း များကို
တန်ဇန်းနီးယားငြင်းဆို
Thursday, 04 February 2021
အထင်ကရဆေးရုံများတွင် ကိုဗစ်လူနာများကိုမထိန်းချုပ်နိုင် တော့ဘဲကသောင်းကနင်းဖြစ်နေသည်ဆိုသော Facebook သတင်း များကို တန်ဇန်းနီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ငြင်းဆို လိုက်သည်။ ကိုဗစ်ကူးစက်ခံ၍ဆေးရုံရောက်နေသူများ၏ မကျေ နပ်သည့်တုံ့ပြန်မှုများ၊ ဓာတ်ပုံများ Facebook တွင်ပျံ့နှံ့လာသည့် နောက် ကိုဗစ်လူနာများကို ဆေးရုံများက မထိန်းချုပ်နိုင်တော့ ကြောင်း Facebook တွင် ပျံ့နှံ့ခဲ့သည်။
အထူးသဖြင့် အထင်ကရ ဆေးရုံနှစ်ခုဖြစ်သောမိုဂမ်ဇီလာနှင့် မူဟန်ဗီလီးယားဆေးရုံမှဓာတ်ပုံများပျံ့နှံ့လာခြင်းဖြစ်သည်။ ထို့ နောက်ကျန်းမာရေးဝန်ကြီး မူဘာလာက အဆိုပါသတင်းများ ကို ငြင်းဆိုခဲ့ပြီး လူထုအကြားအကြောက် တရားများကို သတင်းအမှား များဖြင့်မဖြန့်ဝေရန် တိုက်တွန်းထားသည်။ ထို့အပြင် အဆိုပါဆေးရုံ နှစ်ခုသို့ ယနေ့သွားရောက်လေ့လာခဲ့သည်။ထို့နောက် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ကိုဗစ်ကို မည်သို့ ကာကွယ်မည်ဆိုသည့် သတင်း စကားမပြောချင်းအပေါ်လူထုက ဝေဖန်နေကြသည်။
တန်ဇန်းနီးယားသည်ကိုဗစ်ကူးစက်သေဆုံးမှု အရေအတွက် နှင့်ပတ်သက်ပြီး သတင်းမထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံအနည်းစုထဲ တွင် ပါဝင်နေသည်။
Ref:CNN