images
UN
UN
MAI လေကြောင်းလိုင်းမှ ပြည်တွင်း Codeshare ခရီးစဉ်များနှင့် ပြည်ပကယ်ဆယ်ရေးခရီးစဉ်များ ပြန်လည်ပြေးဆွဲ
မိုးယံ Thursday, 04 February 2021

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) မှ ပြည်တွင်း Codeshare လေယာဉ်ခရီးစဉ်များနှင့် ပြည်ပကယ်ဆယ်ရေးလေယာဉ် ခရီးစဉ် (Relief Flight)) များကို ယမန်နေ့က ပြန်လည်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်းသိရသည်။
ယခု Covid-19 ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေးအတွက် MAI နှင့် Air KBZအကျိုးတူပူးပေါင်းပြေးဆွဲသော Embraer E190 ပြည်တွင်းခရီးစဉ်များကို ယနေ့မှစ၍ ပြန်လည်ပြေး ဆွဲပြီး ပြည်ပကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များကိုလည်း ယမန် နေ့မှစ၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါ MAI လေကြောင်း လိုင်းမှ သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)မှ ပျံသန်း ပြေးဆွဲပေးမည့် လေယာဉ်ခရီးစဉ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိ လိုပါက အင်တာနက်ဝက်ဘ်ဆိုက့် https://maiair. com တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်သလို ဖုန်းနံပါတ် +951 9670007 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။