images
UN
UN
မြန်မာဘက်မှတင်ပို့မည့်ပြောင်းများကို လျင်လျင်မြန်မြန်တင်ပို့နိုင်ရန် ထိုင်းနိုင်ငံဘက်မှကူညီမည်
NG Thursday, 04 February 2021

မြန်မာနိုင်ငံဘက်မှတင်ပို့မည့် ပြောင်းများကို လျင်လျင်မြန်မြန် တင်ပို့နိုင်ရန် ထိုင်းနိုင်ငံဘက်မှ အကူအညီပေးလျက်ရှိသည်ဟုနေး ရှင်းသတင်းဌာနကဖော်ပြသည်။
မြန်မာနိုင်ငံဘက်မှထွက်ရှိသော ပြောင်းအား ထိုင်းနိုင်ငံက အများ ဆုံးဝယ်ယူနေခြင်းဖြစ်ကာတိရစ္ဆာန် အစာအတွက် ဝယ်ယူခြင်းဖြစ် သည်။ လက်ရှိအချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ကြောင့် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ ကြားရှိကုန်စည်တင်ပို့မှုကဏ္ဍတွင် ပုံမှန်ထက်နှောင့်နှေးမှုများဖြစ်ပေါ် မှုများ ကြုံတွေ့လျက်ရှိသည်။ ထိုင်းနိုင်ငံဘက်မှ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်ကြား ကာလတွင် မြန်မာနိုင်ငံနှင့်ထိစပ် နေသောနယ်စပ်ဂိတ်များမှတစ်ဆင့် ပြောင်းအပါအဝင် တိရစ္ဆာန်အစာ အဖြစ် အသုံးပြုနိုင်သည့်သီးနှံများ တင်ပို့မှုအား လွတ်လပ်စွာလုပ် ဆောင်နိုင်ရန် ခွင့်ပြုထားမည်ဖြစ် သည်။ မြန်မာနိုင်ငံအတွင်း၌ နိုင်ငံ ရေးအပြောင်းအလဲ ဖြစ်ပ်ါခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြောင်းကုန်သည်များသည် နယ် စပ်ဒေသများမှတစ်ဆင့်ကုန်စည် တင်ပို့မှုများ ပြုလုပ်ရာတွင် နှောင့် နှေးမှုများ ဖြစ်ပေါ်ခြင်းနှင့်ကုန်ကျ စရိတ် မြင့်တက်လာခြင်းများနှင့် ကြုံတွေ့မည်ကို စိုးရိမ်နေချိန်တွင် ထိုင်းနိုင်ငံဘက်မှ ပြောင်းတင်ပို့ မှုများကို လျင်လျင်မြန်မြန်လုပ် ဆောင်နိုင်ရန် လိုအပ်သည်များကို ခွင့်ပြုချက်ပေးခြင်းနှင့်အကူအညီ ပေးခြင်းများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။