images
UN
UN
မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
ဝတ်ရည်(မယ်စဲ့) Thursday, 04 February 2021

ကယားပြည်နယ် ဘောလခဲ ခရိုင် မယ်စဲ့မြို့နယ်တွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဃြဃွှအစီ အစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားလာသော နှစ် နှစ် အောက်ကလေးငယ်များအတွက် ၂ဝ၂ဝ-၂ဝ၂၁ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလစာ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် အုပ် ချုပ်ရေးမှူးဦးလှမျိုးထွန်းက ကိုယ် ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေး ဖွားလာသော ကလေးငယ်များ အတွက် ရက်တစ်ထောင်စီမံချက် ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်၏ သားကောင်းရတနာ များ ပေါ်ထွန်းလာစေရေးအတွက် မိခင်၏ဝမ်းတွင်းမှစ၍ နှစ်နှစ် အရွယ်အထိ ပြုစုပျိုးထောင်ခြင်း ဖြင့် ကလေးများ၏ ဉာဏ်ရည် ဉာဏ်သွေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးလာ စေရန်၊ သင့်တင့်မျှတသော အစား အစာများ စားသုံးနိုင်စေရန် ထောက်ပံ့ပေးခြင်းဖြစ်ရာ ကိုယ်ဝန် ဆောင်များနှင့် မိခင်များအနေဖြင့် ထောက်ပံ့ကြေးများကို အကျိုးရှိ ရှိအသုံးချစေလိုကြောင်းနှင့် ယခု လိုထောက်ပံ့ငွေများကို အကျိုးရှိ စွာဆောင်ရွက်ခြင်းဖြင့် မကြာမီ နိုင်ငံ၏ အနာဂတ်သားကောင်း ရတနာများ ပေါ်ထွန်းလာစေရေး တွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ် လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ် သန္တာမြင့်၊ ဌာနဆိုင်ရာများ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူးများက မြောက်ပိုင်းရပ်ကွက်နှင့် တောင် ပိုင်းရပ်ကွက်တို့မှ ကိုယ်ဝန်ဆောင် မိခင် ၁၂ ဦး နှစ်နှစ်အောက် ကလေးငယ် ၃၉ ဦး စုစုပေါင်း ၅၁ ဦးအတွက် ငွေကျပ်၂ဝ၅၅ဝဝဝ ကို လက်ဝယ်အရောက်ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။