images
UN
UN
အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
အံ့ကြီးမောင်(ဒလ) Thursday, 04 February 2021

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ အသက် ၈၅နှစ်နှင့် အထက်ရှိ အသက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်ကထောက်ပံ့ ငွေများပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက အံ့ကြီး အနောက် ရပ်ကွက် ဗလမင်းထင်လမ်းရှိ အသက် ၁ဝ၂ နှစ်ရှိအဘွား ဒေါ်ထွေးနေအိမ် ၌ ပေးအပ်လှူဒါန်းနေခြင်းအား တွေ့ရသည်။
အဆိုပါသက်ကြီးထောက်ပံ့ငွေများကို လစဉ်တစ်လလျှင်ကျပ် တစ် သောင်းဖြင့် သုံးလတစ်ကြိမ် ငွေကျပ်သုံးသောင်းစီပေးလှူနေလျက်ရှိ နေပြီး ယခုအကြိမ်တွင် အသက် ၁ဝဝကျော်ပြည့်မီနေသည့် အဘိုးအဘွား များအား ထပ်မံအပိုဆောင်းထောက်ပံ့ငွေကျပ်သုံးသောင်းဖြင့် အဘွား ဒေါ်ထွေးက စုစုပေါင်းငွေကျပ်ခြောက်သောင်းကို နိုင်ငံတော်က ထောက်ပံ့ ပေးခြင်းဖြင့် ယခုလိုလာရောက်ကာအဘွား၏ လက်ဝယ်အရောက်ပေးအပ် လှူဒါန်းခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။