images
UN
UN
မိုးညှင်းမြို့တွင် ခရိုင်နှင့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား ချိပ်ပိတ်
ကချင်မြေနဂါး Thursday, 04 February 2021

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခရိုင်ရုံး နှင့်မြို့နယ်ရုံးများအား ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက တာဝန်ရှိသူများမှ ချိပ်ပိတ်ခဲ့ကြသည်။
စုံစမ်းသိရှိရသည်မှာ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် မိုးညှင်းမြို့နယ် အမှတ်(၆ဝဝ၇)တင့်ကားတပ်ရင်းမှယာယီတပ်ရင်းမှူးဗိုလ်မှူးရဲရင့်ကျော် နှင့်တပ်ဖွဲ့ဝင်များ၊ မိုးညှင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းကျော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ နားခါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့်အဖွဲ့ဝင်များ၊ မြို့မ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးနှင့်အဖွဲ့ဝင်များသည် မိုးညှင်း ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမှုဆောင်များလိုက်ပါလျက် စိမ်း ရတနာမွန်(မြောက်)ရပ်ကွက်အိမ်အမှတ်(စမ-၈/၂၉၅)တွင် ဖွင့်လှစ် ထားသည့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား စည်းကမ်းများ နှင့်အညီချိပ်ပိတ်ခဲ့ကြသည်။
ထို့နောက်ဗိုလ်မှူးရဲရင့်ကျော်နှင့်ပူးပေါင်းအဖွဲ့သည် မြို့မရပ်ကွက် အိမ်အမှတ်(မမ-၁ဝ၃)တွင်ဖွင့် လှစ်ထားသည့် ခရိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအား စည်းကမ်းနှင့်အညီ ချိပ်ပိတ်ခဲ့ကြောင်းသိရသည်။