images
UN
UN
ဂုံဘိုတံတား(ယောချောင်းကူး)နှစ်လမ်းသွား သံကူကွန်ကရစ်တိုင်များ ပင်မစိုက်ထူခြင်းလုပ်ငန်းဆောင်ရွက်
တောင်သားမောင်သန်း Thursday, 04 February 2021

ပခုက္ကူ-ပေါက်-ကျောက်ထု-မင်းတပ်ကားလမ်း ပြည်ထောင်စုလမ်းကျောက်ထုမြို့အနီးရှိ ယောချောင်းကူး ဂုံဘိုတံတားသစ်ဆောက်လုပ်ရန် ယခုအခါတွင် ကွန်ကရစ်တိုင်များစိုက်ထူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဂုံဘိုတံတား(ယောချောင်းကူး)အား တံတားဦးစီးဌာန တည်ဆောက်ရေး(၁) တံတားအထူးအဖွဲ့(၃) ပခုက္ကူဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်နိုင်ကိုကိုအဖွဲ့မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။ တံတားအရှည်ပေ ၇ဝဝ ယာဉ်သွားလမ်းအကျယ် ၂၄ ပေကို ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်အောက်ထည်၊ သံကူကွန်ကရစ် အပေါ်ထည်တို့ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စီမံကိန်းတန်ဖိုးငွေကျပ်သန်း ၂၃၄၆ ဖြစ်ပြီး ရရှိရန်ပုံငွေကျပ်သန်း ၁ဝဝဝ ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။