images
UN
UN
ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Thursday, 04 February 2021

မွန်ပြည်နယ် ရေးမြို့နယ်မူးယစ်တပ်စုအမှတ်(၃၉)မှ ဒုရဲမှူးအောင် မိုးနှင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့က မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ် အစင်ကျေးရွာအုတ်ဖိုလမ်းကြားနေ ဦးကြည်စိန်(ခ)စီတုံး (၄၄ နှစ်) ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးကြည်စိန်(ခ)စီတုံး အား နေအိမ်အရှေ့ဧည့်ခန်းတွင် ထိုင်လျက် တွေ့ရှိရပြီး ၄င်း၏ ယာဘက်လက်အတွင်း အနက်ရောင်တိတ်ပတ် ထားသော အညိုရောင်ကော်ဘူးအတွင်းမျွှ့ စာတန်းပါ လိမ္မော် ရောင်စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၆၉ ပြား၊ အလေးချိန် ၁၆ ဒသမ ၉ ဂရမ်၊ ခန့်မှန်းကာလတန်ဖိုးငွေကျပ် ၈၄၅ဝဝဝ ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ဦးကြည်စိန် (ခ)စီတုံးအား ရေးမြို့မရဲစခန်းမှ မယ(ပ)၅/၂ဝ၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားရှိကြောင်း သိရသည်။