images
UN
UN
ဖြစ်ပေါ်မှုအားလုံးဟာ လောကဓံတရားတွေထဲမှာပဲ အကျုံးဝင်တယ်ဆိုတာ သတိရပါရှင့်လို့ဆိုတဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗို
သွန်းလေး Thursday, 04 February 2021
သရုပ်ဆောင်ထွန်းအိန္ဒြာဗိုကတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ တရားသဘောစာသားလေးတွေကို အမြဲရေးသားလေ့ရှိပါတယ်။
အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့ သူမအနေနဲ့ငယ်စဉ် ကထက်ဘာသာရေးအတွက် အချိန်ပိုပေးပြီး လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။
''အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းတို့ဟာ ကုသိုလ်အကျိုးကြောင့် ရတာဆိုရင် ကျရှုံးခြင်း၊ ဝမ်းနည်းခြင်း၊ မကျန်းမာ ခြင်း၊ဆင်းရဲခြင်းတို့အတွက် ကုသိုလ်တရားတွေ ပြုကျင့်စုဆောင်းသင့်တယ် လို့သဘာဝအားဖြင့် တွက်ဆလို့ရပါတယ်။ အဲ့ဒီ အဆင်ပြေခြင်း၊ အဆင် မပြေခြင်းတွေက အကောင်းနဲ့ အဆိုးကွာခြားပေမယ့် ဖြစ်ပေါ်မှုအားလုံး ဟာ လောကဓံတရားတွေထဲမှာပဲ အကျုံးဝင်တယ်ဆိုတာ သတိရပါရှင့်။ အားလုံးစိတ်အေးချမ်းကြပါစေ''ဟုလည်း သူမရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ ရေးသားထားပါတယ်။
အနုပညာလုပ်ငန်းတွေကို ငယ်စဉ်ကထက် အချိန်လျှော့လုပ်ကိုင် လာတဲ့ သူမအနေနဲ့မိသားစုကိုအချိန်ပိုပေးပြီး ဘာသာတရားလုပ်ငန်းတွေ ကိုပဲအားထားလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။