images
UN
UN
၂ဝ၂ဝရဲ့ သုံးသပ်ချက်ဆိုပြီး ရေးသားခဲ့တဲ့ မိုးစက်ဝိုင်
အဖြူရောင် Thursday, 04 February 2021

ပရိသတ်အချစ်တော်သရုပ်ဆောင်မိုးစက်ဝိုင်က သူမရဲ့ ၂ဝ၂ဝ ပြည့်နှစ်အတွင်းဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံများကို သူမရဲ့လူမှု ကွန်ရက်စာမျက်နှာ၌ ရေးသားထားခဲ့သည်။
ထက်မြက်တဲ့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့သူမအနေနှင့် အနုပညာ လုပ်ငန်းများအပြင် ကိုယ်ပိုင်အလှကုန်စီးပွားရေးလုပ်ငန်းကိုလည်း ဦးဆောင်လုပ်ကိုင်နေသူဖြစ်သည်။
''ဆုံဆည်းမှုတိုင်းမှာအဓိပ္ပာယ်ရှိတယ်။ ပျော်ရွှင်မှုတွေထဲမှာတွေ ဝေစရာရှိတယ်။ ဝမ်းနည်းစရာထဲမှာ နားလည်စရာတွေတွေ့လာ တယ်။ ဘဝသင်ခန်းစာအချို့တွေကြောင့် မမေ့သင့်တဲ့အကြာင်းရာ တွေရခဲ့သလို မမေ့နိုင်တဲ့အဖြစ်ပျက်လေးတွေပါကျန်ခဲ့ရတယ်။ သေချာတာတစ်ခုကတော့ ကျွန်မပိုပြီးချစ်တတ်လာတယ်။ ပေးသင့် တဲ့အချစ်မျိုးကိုသိလာသလို တန်ဖိုးထားရမယ့်အဓိကအကြောင်း အရာနဲ့လူတွေကိုပိုတန်ဖိုးထားလာပါတယ်။ မိုးစက်ဝိုင်နဲ့ဘဝအတွေး'' ဟု မိုးစက်ဝိုင်ကရေးသားထားခဲ့သည်။