images
UN
UN
ဆိုင်ကယ်စီးလာသူထံမှ ဘိန်းဖြူဖမ်းမိ
ရဲရင့်(ကသာ) Thursday, 04 February 2021
စစ်ကိုင်းတိုင်းဒေသကြီး က သာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီး မြင့်သောင်း၏လမ်းညွှန်မှု မြို့နယ်မှူးရဲမှူးမြင့်ဖေ၊ စခန်းမှူး ဒုရဲမှူးအောင်ဝင်းညွန့်တို့၏ အနီး ကပ်ကြီးကြပ်မှုဖြင့် ကသာမြို့ ပတ္တမြားရပ်ကွက် မြို့ဝင်/ထွက် ဂိတ် ရဲစခန်းမြောက်ဘက်သုံးမိုင် ခန့်အကွာ KG285775 နရာတွင် မူးယစ်ဆေးဝါးများဖမ်းမိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၉ ၁၅ မိနစ်ခန့်တွင် ကသာရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဇော် မင်းထွန်းအဖွဲ့၊ ကသာယဉ်ထိန်း ရဲတပ်ဖွဲ့မှရဲအုပ်မင်းမင်းခန့် ဦးစီး တပ်ဖွဲ့ဝင်များ၊ ကသာစခန်းမှလှည့် ကင်းတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့ သက်သေပတ္တမြားရပ် ကွက်ရာအိမ်မှူးဦးကျော်ဆွေ၊ လျှပ် စစ်ကုန်းရာအိမ်မှူး ဦးဝင်းဇော်ဦး တို့နှင့်အတူ ကသာမြို့ဝင်/ထွက် ဂိတ်တွင် ယာဉ်စစ်ပူးပေါင်းစစ် ဆေးရှာဖွေပြုလုပ်နေစဉ် အင်း တော်မြို့ဘက်မှ ကသာမြို့ဘက်သို့kenbo အမျိုးအစားအနက်ရောင် ဆိုင်ကယ်ကိုစီးလာသူ အောင်မြင့် ထွန်းအား ရပ်တန့်စစ်ဆေးရာ ၄င်းဝတ်ဆင်လာသော Spobtxi စာတန်းပါမိုးပြာရောင်အားကစား ဘောင်းဘီအိပ်ထောင်များအတွင်း မှ ဘိန်းဖြူဟုယူဆရသောအဖြူ ရောင်မှုန့်အလေးချိန် သုည ဒသမ ၁ ဂရမ်ခန့်အား ပင်နီဆီလင်ပုလင်း တွင်းလည်းကောင်း၊ ဘိန်းဖြူဟု ယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် သုည ဒသမ ၁ ဂရမ် ခန့်အား 3mllcc ဆေးထိုးအပ်တပ် လျက်အားလည်းကောင်း၊ ထပ်မံ ၍ 3mllcc ဆေးထိုးအပ်အတွင်း သုည ဒသမ ၁ဂရမ်ခန့်ပါဘိန်းဖြူ ဟုယူဆရသောဖြူဝါရောင်မှုန့် အားလည်းကောင်း၊ စုစုပေါင်း သုည ဒသမ ၃ဂရမ်ခန့်ကာလ တန်ဖိုး ၃ဝဝဝဝတို့အား ရှာဖွေ တွေ့ရှိပြီး ဖမ်းမိသောမူးယစ်ဆေး နှင့်ပတ်သက်၍မေးမြန်းရာ အင်း တော်မြို့နယ် နန့်စီးအောင်ကျေးရွာ အုပ်စု ပေကုန်းကျေးရွာနေ ပြည့်စုံ ဆိုသူထံမှ ငွေကျပ် ၁ဝဝဝဝ ဖြင့် ဝယ်ယူခဲ့ကြောင်း ဝန်ခံထွက်ဆို၍ အရေးယူပေးပါရန် ဒုရဲအုပ်ဇော် မင်းထွန်းက တရားလိုပြုတိုင်တန်း သဖြင့် ကသာမြို့မရဲစခန်းမှ တရားခံ အောင်မြင့်ထွန်း(၃ဝနှစ်) ပေကုန်းရွာ အင်းတော်မြို့နယ်နေ သူနှင့် ပြည့်စုံ(၁၈နှစ်) ပေကုန်းရွာ အင်းတော်မြို့နယ်နေသူတို့အား မယ(ပ)၅/၂ဝ၂၁ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ အရ အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။