images
UN
UN
မန္တလေးရွှေဈေးကွက်တစ်ကျပ်သား ၁၃ သိန်းကျော်ပြန်ရောက် ကောလာဟလသတင်းကြောင့် အဝယ်များ
မောင်ပြည်သူ(မန္တလေး) Thursday, 04 February 2021

မန္တလေးမြို့ ရွှေဈေးကွက်တွင် ယမန်နေ့ ဈေးဖွင့်ချိန်တွင် တစ်ကျပ် သား ကျပ် ၁၄ဝ၁ဝဝဝ အထိ မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ငွေစက္ကူသတင်းအမှားများ ကောလာဟလပြင်ပတွင် ထွက်ပေါ်လာ မှုနှင့် ဒေါ်လာလဲလှယ်နှုန်းမြင့်တက်လာခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်း မြင့် တက်နေခြင်းကြောင့် ရွှေဈေးများမြင့်တက်လျက်ရှိသည်။ ယခုလအတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၃၅ဝဝဝဝ အောက်ပြန်ကျရန် မဖြစ်နိုင် သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။ ရွှေဈေး အမြင့်ဆုံးရောက်ရှိသွားသော်လည်း စိုးရိမ်ပြီး လာရောက်ဝယ်ယူသူများရှိခဲ့သော်လည်း ယနေ့တွင် သတင်းစာနှင့်ရုပ်မြင် သံကြားမှ ငွေစက္ကူများ ယုံကြည်စိတ်ချစွာ ဆက်လက်သုံးစွဲနိုင်ကြောင်း ကြေညာပေးခဲ့သဖြင့် ရွှေဈေးကွက်တည်ငြိမ်သွားခဲ့သည်။ ယနေ့ နံနက် ၇ နာရီ ရွှေအဖွင့်ဈေးအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၁၃၅၈ဝဝဝ၊ ၁၅ပဲရည် ကျပ် ၁၂၇၅၃ဝဝ၊ ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စ ၁၈၃၃ ဒေါ်လာ၊ ငွေလဲနှုန်း တစ်ဒေါ်လာ ၁၄ဝ၅ ကျပ်ဖြစ်ကြောင်း သိရသည်။