images
UN
UN
တူတော်စပ်သူ ဟိန်းဝေယံအကြောင်းကို ပရိသတ်သိအောင်ပြောကြားလိုက်သည့် မိုးခမ်း
ဝေလင်း Thursday, 05 November 2020
သရုပ်ဆောင် ဟိန်းဝေယံ၏ အဒေါ်ဖြစ်သူ အဆိုတော်ဘဝကနေ အက်ရှင်ခန်းတွေရိုက်ရင်း သရုပ် ဆောင်တစ်ဦးဖြစ်လာသည့် မိုခမ်း အနေဖြင့် တူဖြစ်သူ ဟိန်းဝေယံနှင့် ပတ်သက်သည့် အကြောင်းတွေကို ယခုလိုပြောကြားလာခဲ့သည်။
''သားငယ်လေးတို့အိမ်ကိုတစ် ပတ်တစ်ခေါက်လောက်တော့ရောက် ဖြစ်တယ်။ မမကလည်း ချည် ထည်ပိုးထည်တွေကို အားပေး တော့လေ တစ်ပတ်တစ်ခါရောက် ဖြစ်တယ်။ ဆက်တိုက်ဆိုသလိုပေါ့ သားငယ်လေးကတော့ Stay Home ဆိုတော့ ဝတုတ်နေတယ် သူလည်း စားနေတယ်ဆိုတော့ ပဋ္ဌာန်းတွေရွတ် တရားတွေထိုင် အဲ့ဒါပဲသူလုပ်နေတယ်။ သူက အစကတည်းက အနေအေးတော့ လေ'' ''အစ်မက ကိုယ့်တူကိုပြော လေ့ရှိတယ် နင်ကဘုန်းကြီးဖြစ် မယ်ကောင်လို့ သူ့အိမ်ရောက်သွား ရင်လည်း တီမိုးဆိုပြီးနှုတ်ဆက် ပြီးတာနဲ့ သူဝင်စားရော အစ်မ ဟင်းတွေရောင်းတုန်းကလည်းသူ အားပေးတယ်။ ဆိတ်သားဟင်းတို့ ထောပတ်ပဲထမင်းတို့ ဒီအချိန်မှာ ဝဝလေးနေမှပဲ ကာကွယ်သလိုဖြစ် မှာလေ'' ''တူလေးက ရည်းစား ရှိတာမရှိတာ အဒေါ်ကိုတိုင်ပင်ပါ တယ်။ အခုတော့ ရည်းစားမရှိ တော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြော ပါတယ်။ မမမိုးခမ်းကတော့ သူ ကိုယ်တိုင်ရွေးချယ်တာကိုပဲလိုချင် ပါတယ်။ သူ့ကိုလည်းပြောထား တယ်။ သားငယ်လေးကိုချစ်ပြီး တော့ သူ့ကို support လုပ်နိုင် တဲ့လူမျိုးပဲလိုချင်တယ်။ သူ့ကို ကြည့်ရတာတော့ အခုချိန်ထိ မိန်းမ လိုချင်စိတ်မရှိဘူးထင်တယ်။ အခု ချိန်ထိပုံပြင်တွေပြောနေရတုန်း ဘုရားပုံပြင်တွေပြောရတယ်။ သူ့ ကိုနောက်နေရတယ်။ နင်ကဘုန်း ကြီးဝတ်မှာလားပေါ့ အမေပေးစား ရင်တော့ယူမယ့်ပုံပါပဲ'' ''သူ့ကို support ပေးနိုင်မယ့်သူလေးတော့ အစ်မတို့ကဖြစ်စေချင်တာပေါ့ သူမချစ်တာလည်းမဖြစ်စေချင်ဘူး။ ချစ်တာလည်းဖြစ်စေချင်တယ် အသက်လည်း၃ဝကျော်လာပြီပေါ့။ သူ့ဘာသာသူဆုံးဖြတ်မှာပါ အစ်မ အမြင်မှာတော့အခုတော့ စိတ်မပါ သေးဘူး'' ''character changes ကတော့ဖြစ်သွားတယ် အရင်တုန်း ကဆို သူရုပ်မချချင်ဘူး အခုတော့ ရုပ်ချတာတွေကို လက်ခံတယ်။ သူကပင်ကိုအနေ အေးတော့သွက် တဲ့အခန်းတွေမှာနည်းနည်းလိုမှာ ပေါ့။ မမလည်းသူ့ကိုအကြံပေးနေ တယ်။ အခုကားကြီးတွေရိုက်ထား တာမှာ charcter change ထားတာ တွေ့ရတယ်'' ''ပရိသတ်ကိုအား ပေးဖို့လည်းပြောချင်ပါတယ်။ အစ်မ မိုးခမ်းတူလေးက အနေအေးတယ်။ စိတ်ထားလည်းကောင်းတယ်။ ပရိ သတ်ပေါ်မှာဖြစ်ဖြစ် မိသားစုပေါ် မှာပဲဖြစ်ဖြစ် အဲ့ဒါအား ပေးပေး ပါလို့ပြောချင်ပါတယ်။ သူလည်း ကြိုးစားနေတယ် changes ဖြစ်ဖို့လေ'' ဟု ပြောသည်။