images
UN
UN
Live လွှင့်ပြီး ဈေးမရောင်းဖြစ်ဖူးလို့ ဆိုလိုက်သည့် ဖြူဖြူထွေး
ဒဂုံဝေလင်း Thursday, 05 November 2020
သရုပ်ဆောင် ဖြူဖြူထွေး အနေဖြင့် အွန်လိုင်းပေါ်တွင် အပျော်တမ်း တေးသရုပ်ဖော်မှုတွေ လုပ်ဆောင်ရင်း မြန်မာနိုင်ငံ၏ ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာ ကနေ ရပ်တည်ထားနိုင်သူအဖြစ် ကို ရောက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ သူ့အနေဖြင့် ယခုလို ကိုဗစ်ကာလမှာတောင် အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ် ကိုင်နေရတာကိုလည်း တွေ့နေရ သော်လည်း ယခု ကိုဗစ်ကာလ တွင် အနုပညာရှင်အများစု Live Sale ရောင်းချနေကြသော အချိန် တွင် သူ့အနေဖြင့် ကြော်ငြာဇာတ် လမ်းတိုများသာ ရိုက်ကူးနေခဲ့ ကြောင်း သိရသည်။ ယင်းကဲ့သို့ Live Sale မရောင်းဖြစ်သည်နှင့် ပတ်သက်ပြီး ဖြူဖြူထွေးက ''ဇာတ်ညွှန်းတွေက ဒါတောင်မှ ခုရိုက်နေတာတွေကရှေ့နှစ်လသုံး လလောက်က လာအပ်ထားတဲ့လူ တွေလည်းပါတယ်ပေါ့နော်။ ချက် ချင်းလာအပ်တာမျိုးဆိုလည်း ဟိုး နောက်နှစ်ကျမှ ပဲရတာရှိတယ်။ ကြော်ငြာတွေကတော့ အခုသေချာ လေးလုပ်ရတာပေါ့ ဇာတ်ညွှန်း လည်းမထပ်အောင်ပေါ့ အဲဒီတော့ အိပ်ရေးလည်းပျက်တယ်ပေါ့၊Live နနဲ့က ဟိုးအရင်စနာ မည်ကြီး ကတည်းက Live လုပ်ဖို့ကမ်း လှမ်းကြတယ်။ ဒါပေမဲ့ အကုန် လုံးကို ငြင်းခဲ့တယ်ပေါ့ Liveမလွှင့်ဘူးဆိုပြီးတော့ ဘာဖြစ်လို့ လဲဆိုတော့ ကြော်ငြာတွေ လက်ခံ ထားတဲ့အခါမှာ ဒီလို Live ထပ်ထည့်လိုက်ရင် ကြော်ငြာတွေ နောက်ကျသွားမှာစိုးလို့ပါ။သူက ရက်တွေပြောင်းကုန်မှာ အဲ့ဒီလိုရက် တွေလည်း မပြောင်းနိုင်ဘူး ဇာတ် ညွှန်းပိုင်းမှာပဲ သေချာအာရုံစိုက်ပြီး လုပ်တယ်အခုဆိုလည်း ကမ်းလှမ်း တာတွေများတယ်ပေါ့နော်။ တချို့ ဆိုရင်သမီး Page ကနေ လွှင့်ချင် တာ သမီးကတော့မဟုတ်ဘူး မီဒီယာတစ်ခုကနေ Live လွှင့် ဘာညာပေါ့။ သူတို့က နှစ်ခုဆို တော့လည်းမတတ်နိုင်ကြဘူး၊ သမီး Page ကနေပဲ တစ်ခါတည်း Live လွှင့်ချင်တယ်ဆိုတော့ မဖြစ် ဘူးပေါ့။ အရင်တုန်းကတည်း က ကြာပြီ Live လွှင့်ဖို့ကမ်းလှမ်းတာ ၅ဝ လောက်ရှိမယ်ထင်တယ်။ရွှေ ဆိုင်တွေရော မုန့်တွေရော အချို ရည်တွေရော အများကြီးပဲ Live လွှင့်ရောင်းရမယ်ပေါ့ ရောင်းတာ ထက် Live လွှင့်ပြီး Promotion ဆင်းတဲ့သဘောပေါ့ အဲ့ဒီလိုမျိုးလေး တွေလုပ်ဖို့အတွက် အဲ့ဒါမလုပ်ခဲ့ တာတင် အခု၅ဝ လောက်ရှိတယ်။ အဓိကလက်မခံဖြစ်တာတော့ကိုယ် ကိုယ်တိုင်ဖန်တီးရတာပိုကြိုက်လို့ ပါ ဇာတ်ညွန်းလေးလည်းသေချာ လေးရေးပြီးဖန်တီးရတာကို ပို သဘောကျတယ်အဲ့ဒါကြောင့်လက် မခံဖြစ်တာပါ''ဟု ပြောသည်။