images
UN
UN
ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော် ဆီ ဆား ပဲ အမည်လေးမျိုးနှင့် နေ့ဆွမ်းများ တပ်မတော်မှ ဆက်ကပ်လှူဒါန်း
မေနဒီ Saturday, 31 October 2020
ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများ၌ ဆွမ်း၊ ဆေး အဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်း များ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင် ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စုစုပေါင်း ၂၂ မြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလ ရှင်စာသင်တိုက်များနှင့်ဘာသာရေးကျောင်း များ စုစုပေါင်း ၁၄၅ ကျောင်းသို့ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်စုစုပေါင်း ၄၇ မြို့နယ်တို့ရှိ ဘုန်း တော်ကြီးကျောင်းနှင့် သီလရှင်စာသင် တိုက်စုစုပေါင်း ၁၄၁ ကျောင်းရှိ ဆရာ တော်သံဃာတော်များနှင့် သာသနာ့နွယ် ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ယမန်နေ့ ညပိုင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်းခုနစ်မြို့နယ်၊ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နှင့် ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း သုံးမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် နှင့် ပုလောမြို့နယ်၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်ပေါင်းခုနစ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပေါင်းသုံးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ဟုမ္မလင်းမြို့၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့၊ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့နယ်နှင့် ပဲခူးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော် များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။