images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျေးရွာနေပြည်သူများ ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး
ဆီမီးခုံ-နန်းရီ Saturday, 19 September 2020
ဗန်းမော်မြို့နယ်မှ ဝင်ရောက် ရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ် တော်ကိုယ်စားလှယ်လောင်းများ သည် ယမန်နေ့တွင် ကျေးလက် ဒေသများသို့ကွင်းဆင်း၍ ကျေးရွာ ရပ်မိရပ်ဖဆွေမျိုးများ၊ပါတီဝင်များ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါက်တာသိန်းနိုင် ဝင်း၊ မဲဆန္ဒနယ်အမှတ်(၂) ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးဇော်နောင်၊ ဗမာတိုင်း ရင်းသားရေးရာလွှတ်တော်ကိုယ် စားလှယ်လောင်း ဦးစိုးသိန်းတို့ သည် နံနက် ၁ဝနာရီမှစတင်၍ ဗန်းမော်မြို့နယ် ကျောက်အိုက် ကျေးရွာ၊၊နောင်မိုကျေးရွာတွင်လည်း ကောင်း၊အမျိုးသားလွှတ်တော်ကိုယ် စားလှယ်လောင်းဦးသက်ဝင်း၊မဲဆန္ဒ နယ်အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော် လင်း၊ ရှမ်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းဖေတို့သည် နံနက် ၈ နာရီ နာရီခွဲမှစတင်၍ နောင်လိုက်ကျေး ရွာ၊ မံရေးကျေးရွာ၊ မအူပင်ကျေး ရွာ ပါတီဝင်ရပ်မိရပ်ဖဆွေမျိုးများ နှင့်တွေ့ဆုံကာ ပါတီအောင်နိုင်ရေး ကိစ္စရပ်များညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ ဗီနိုင်းကပ်ပန်းဖလက်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။