images
UN
UN
ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ငါ့သရောက်တိုက်နယ်ပြည်သူများနှင့်တွေ့ဆုံမိတ်ဆက်
ကျော်ဌေး(ညောင်ဦး) Saturday, 19 September 2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ (၂)မှ စာရေးဆရာဦးအောင်ဌေး (စိမ့်ညက် ညောင်ဦး) လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် အဖွဲ့တို့ သည် ငါ့သရောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင်ယမန်နေ့နံနက် ၉နာရီ ကမန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်မြေ(၂)တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင် ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း တက်ရောက်လာသောပြည်သူများ ကို မိတ်ဆက်စကားပြောကြားခဲ့ပြီး ကျန်မာချမ်းသာကြပါစေဟု ဆုမွန် ကောင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသောပြည်သူများ ကလည်း ပြည်ခိုင်ဖြိုးပါတီ လွှတ် တော်ကိုယ်စားလှယ်မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လောင်းအား ပန်းကုန်းများစွပ်၍ အောင်သပြေပန်းများနှင့် အမွှေးနံ့ သာပက်ဖျန်းခြင်းများဖြင့်ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။