images
UN
UN
ကျောက်တန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ HQ သတ်မှတ်ထားသည့် မြို့နယ်နေအိမ်အချို့အား စားသောက်ကုန်များလှူဒါန်း
ကိုကျောက်တန်း Saturday, 19 September 2020
ရန်ကုန်တောင်ပိုင်းခရိုင်ကျောက် တန်းမြို့၌ COVID-19 ကူးစက် မြန်ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ဆက်နွှယ်ထိတွေ့မှု ရှိခဲ့သူများ၏ နေအိမ်အချို့အား HQ များ သတ် မှတ်ထားရှိခဲ့ရျှာံသတ်မှတ်ထား ရှိသောနေအိမ်အချို့တွင်စားသောက် ရေးအဆင်ပြေစေရန်အတွက် ယခု ယမန်နေ့တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးမျိုး မြင့်ဦးဆောင်၍ပါတီဝင်များက HQ သတ်မှတ်ထားရှိသောအနောက်ပိုင်း ရပ်ကွက်မှအိမ်ထောင်စုခြောက်စု၊ ဆင်ကန်ရပ်ကွက် ချမ်းမြေ့သာယာ မှ အိမ်ထောင်စုတစ်စုတို့အား အိမ် ထောင်စုတစ်စုလျှင် ဆန်ခြောက် ပြည်၊ဆီတစ်ပိဿာ၊ ကြက်ဥအလုံး ၃ဝ ပါတစ်ကတ်၊ ခေါက်ဆွဲခြောက် ၁ဝထုပ်တို့အား ရပ်ကွက်အုပ်ချုပ် ရေးမှူးထံလှူဒါန်းပေးခဲ့ပြီးရပ်ကွက် အုပ်ချုပ်ရေးမှူးက အဆိုပါ HQ သတ်မှတ်ထားသော အိမ်များအား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသော ရပ်ကွက်အသီးသီးမှ HQ သတ် မှတ်ထားရှိသောအိမ်များကို ဆက် လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ သိရသည်။