images
UN
UN
စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပျံကျဈေး၌ နှာခေါင်းစည်းများဝေငှ
စစ်ကြည်(စလင်း) Saturday, 19 September 2020
မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင် စလင်းမြို့နယ် မင်းအာကာ ဘုရားကွင်းပျံကျဈေး၌ ယမန်နေ့ နံနက် ၇ နာရီမှ စတင်ကာ စလင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှဈေးသူ ဈေးသားများနှင့် ဈေးဝယ်လာသူ များထံနှာခေါင်းစည်(ဗြှု)များ ဝေငှပေးခဲ့ကြသည်။
စလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ပါတီက်ာမတီဝင်များဖြစ် ကြသော ဦးဝင်းခိုင်၊ ဦးဌေးအောင်၊ ဦးနိုင်ထူးတို့ခေါင်းဆောင်ပြီး ပြည် ခိုင်ဖြိုးသီဟသွေးလူငယ်မောင်မယ် များသည် မင်းအာကာအခွန်လွတ် ပျံကျဈေး၌ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများအား COVID- 19 ကာကွယ်ရေးအတွက် အပြင် ထွက်သူတိုင်းနှာခေါင်းစည်း(MASK) များ တပ်ဆင်ရန်အတွက် နှာ ခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့ ကြကြောင်း သိရသည်။