images
UN
UN
ကိုယ့်ပတ်ဝန်းကျင်နဲ့မိသားစုကို ကျန်းမာရေး ဗဟုသုတတွေ အသိပေးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်
ဒဂုံဝေလင်း Friday, 18 September 2020
ပရိသတ်များအနေဖြင့် မိမိ၏ ကျန်းမာရေး၊ မိမိမိသားစုကျန်းမာ ရေးကိုရော ဂရုစိုက်ကြရန်နှင့် ကျန်း မာရေးသည် လက်ရှိအချိန်တွင် နံပါတ်(၁)ဟု ဝတ်မူံရွှေရည်က အကြံပြုစကားပြောဆိုသည်။
''ပရိသတ်တွေအားလုံး နေ ကောင်းကြရဲ့လားရှင်။ ကစ်က တော့ အခုအိမ်မှာပဲ နေပါတယ်။ ကိုယ်ခံအားကောင်းအောင် အစား တွေ သေသေချာချာစားတယ်။ ဗီ တာမင်တွေသောက်တယ်။ အဓိက ကတော့ ကျန်းမာရေးကောင်းဖို့လို အပ်ပါတယ်။ အခုချိန်မှာ အစား လျှော့တာတွေ၊ Gym ဆော့တာ တွေ၊ လေ့ကျင့်ခန်းလုပ်တာတွေ မှန်သမျှ ကစ် လျှော့ထားတယ်။ နောက်ထပ်အဓိကကတော့ မိဘ တွေကို ဂရုစိုက်တယ်။ အဖေက ဆီးချိုလည်းရှိတယ်၊ သွေးတိုး လည်းရှိတယ်။ မေမေကလည်း သွေးတိုးရှိတော့ ဂရုစိုက်ပေးနေရ ပါတယ်။ ပရိသတ်တွေကလည်း ကိုယ့်ရဲ့ကျန်းမာရေးရော၊ ကိုယ့် မိသားစုကျန်းမာရေးကိုရော ဂရု စိုက်ကြပါ။ ကျန်းမာရေးက အခု ချိန်မှာ နံပါတ်(၁)ပါပဲ'' ဟု ဝတ် မှုန်ရွှေရည်က ၄င်း၏လူမှုကွန်ရက် စာမျက်နှာမှ Live လွှင့်ပြောခဲ့ သည်။
၎င်းသည် လက်ရှိအချိန်တွင် COVID ကြောင့် ဇာတ်ကားရိုက် ကူးရေးများနားထားကြောင်း သိရ သည်။ ဝတ်မှုန်ရွှေရည်သည် COVID ကာလကူးစက်မှုလျော့နည်း ခဲ့ချိန်တွင် ကြော်ငြာရိုက်ကူးရေး တချို့ပြုလုပ်ခဲ့ပြီး မဖြစ်မနေ အပြင် ထွက်ရတိုင်း မိမိကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်ကြောင်း သိရသည်။
''ကစ်ဆို ရှုတင်သွားတဲ့အခါ Mask မတပ်ထားရင် Mask တပ်ဖို့ ပြောတယ်။ ကိုယ့်ဘေးက ပတ်ဝန်း ကျင်ကိုလည်း သေသေချာချာဂရု စိုက်ခိုင်းရတယ်။ ပြီးတော့ ကစ် ဘုရားရှိခိုးတိုင်းလည်း ပရိသတ် တွေကို မေတ္တာပို့ပေးတယ်၊ ဆု တောင်းပေးတယ်။ ကျန်းမာရေး ကို ဂရုစိုက်စေချင်တယ်။ ကိုယ့်ရဲ့ အသိ၊ သတိလေးတွေနဲ့ ကျန်းမာ ရေးကို ဂရုစိုက်ရမှာပါ။ ကိုယ့် မိသားစုထဲမှာဆိုရင် လူကြီးတွေ၊ ကလေးတွေ ရှိတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင် ကိုယ်တိုင်လည်း အရမ်းခံစားနေရမှာလေ''ဟု ၄င်းက ဆက်လက်ပြောခဲ့သည်။