images
UN
UN
လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိဘူးဆိုတာ နေပြည်တော်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ စည်းရုံးရေးကို နိုင်ငံရေးအရ လုပ်ကြံထိုးနှက်တဲ့လုပ်ရပ်က ဖော်ပြနေပြီလို့ ထောက်ပြပါရစေ
ကိုနေ၊ ဗိုလ်စော Friday, 18 September 2020
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ အများပြည်သူ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကိုရှေးရှု၍ ရွေးကောက်ပွဲရက်သတ်မှတ်ချက်ကို ပြန်လည် သုံးသပ်နိုင်ပါရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည့်အပေါ် အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်အား ပြည်ထောင်စုနေ့စဉ် သတင်းစာမှ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြအပ်ပါသည်။

မေး။ နိုင်ငံရေးပါတီ ၂၄ပါတီက အများပြည်သူကျန်းမာရေး
နှင့်ဘေးအန္တရာယ်ကင်းရှင်းရေး ကိုရှေးရှုပြီး နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံ အိတ်ဖွင့်ပေးစာပေးခဲ့တဲ့ အပေါ်မှာ ဆရာဘယ်လိုမှတ်ချက် ပြုစကား ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ အဲဒီကြေညာချက်မှာ အဓိက ဖော်ပြထားတဲ့ အချက်ကို
အားလုံးအနှစ်ချုပ်လိုက်ရင် လူ့ အသက်ဟာ အာဏာပြဿနာဖြစ် တဲ့ အာဏာရရေးဖြစ်တဲ့၊ အာဏာ အတွက်မွှန်နေတဲ့ ရွေးကောက်ပွဲ ထက် အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ။ ဘာ ကြောင့် ဒီလိုမီးမောင်းထိုးပြရသလဲ ဆိုရင် အားလုံးသိတဲ့အတိုင်းပဲ ဒီနေ့ ဆိုရင်ကူးစက်ခံရသူက လေးထောင် ကျော်သွားပြီး သေဆုံးသူက လည်း ၆ဝကျော်လာပြီ။ အဲဒီတော့ ဒီလိုအချိန်မျိုးမှာ ရောဂါကိုမထိန်း ချုပ်နိုင်ဘဲနဲ့ ရွေးကောက်ပွဲကျင်းပ မယ်။ အခုတာဝန်ရှိသူတွေ ပြောတဲ့ ဟာကိုဖတ်ကြည့်တော့ နောက်သုံး ပတ်လောက်အထိ ရောဂါတိုးပွား လာဦးမယ်ဆိုတော့ ဘယ်လိုဖြစ် ဖြစ် အဲဒီသုံးပတ်မှာ ဘယ်လောက် အထိဖြစ်လာနိုင်မလဲ။ ကျွမ်းကျင် သူတွေ တွက်ချက်မှုအရဆိုရင် ရောဂါကူးစက်မှုဟာသောင်းဂဏန်း အထက်ပဲ ရောက်လာဖို့များနေပြီ။ ဒီလိုအချိန်မျိုးမှာ နံပါတ် (၁) ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အာဏာတစ်ခုတည်းအတွက် လုပ် မလား။ နံပါတ်(၂) အချက်ကတော့ ဒီရွေးကောက်ပွဲကျင်းပတဲ့နေရာမှာ ရောဂါထိန်းချုပ်မှုမရှိဘဲနဲ့ ကျင်းပ မယ်ဆိုရင် လူ့အသက်တွေကို အလောင်းအစားလုပ်ပြီးတော့ ကျင်းပရတာဖြစ်တယ်။ အဲဒါတွေ အတွက် လိပ်ပြာသန့်ရဲ့လား။ လူ့ အသက်သေရင် သေပါစေ။ ငါ့ အာဏာသည်အဓိကဆိုတဲ့ဒီအာဏာ ကို အဓိကထားမယ်ဆိုရင်တော့ ဒီကိစ္စက အင်မတန်မှနိမ့်ကျတဲ့ နိုင်ငံရေးသမားလိုဖြစ်သွားမှာပေါ့။ တတိယအချက်ကအခုလိုထောက်ပြ နေတဲ့အခါမှာ စင်ကာပူတို့၊ တောင် ကိုရီယားတို့နဲ့ သွားနှိုင်းယှဉ်တာ တွေ့ရတယ်။
စင်ကာပူဆိုတာက ကျွန်းလေးတစ်ကျွန်းပဲ တိုင်းပြည် မှာ ပြည်တွင်းစစ်လည်းမရှိဘူး။ စီးပွားရေးအရလည်း ဖွံ့ဖြိုးနေတဲ့ နိုင်ငံ အဲဒီနိုင်ငံမှာ ရွေးကောက်ပွဲ ဆိုတာကလည်း လက်ရှိအာဏာရ ပါတီကပဲ ဆက်ပြီးတော့ နိုင်မယ့် အခြေအနေ အတိုက်အခံဆိုတာ အရေအတွက်ဂဏန်းအရသာ လွှတ် တော်ထဲ ရောက်ချင်ရောက်မယ်။ အာဏာရနိုင်တဲ့အဆင့် မရှိဘူး။ ဒါကြောင့် သူတို့ဆီမှာ နိုင်ငံရေး အရ၊ စီးပွားရေးအရ၊ နည်းပညာ အရထိန်းချုပ်နိုင်မှုအောက်မှာ ကျင်းပတာ ကျွန်တော်တို့နိုင်ငံနဲ့ မတူဘူး။ နောက်တစ်ချက်က တောင်ကိုရီယားကျတော့လည်း သူတို့စီးပွားရေးက ဘယ်လောက် မြင့်သလဲဆိုရင် အားလုံးသိတဲ့ အတိုင်းပဲ။ ကျွန်တော်သိသမျှက တော့ တောင်ကိုရီယားက 5G ကို တောင် ပထမဦးဆုံးသုံးတဲ့နိုင်ငံ၊ စီးပွားရေးအရလည်း တောင်ကိုရီး ယားဟာ G20 ထဲမှာတောင်ပါ တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီလိုစီးပွားရေးအရ ဖွံ့ဖြိုးတဲ့ နိုင်ငံမှာ သူတို့ရွေးကောက်ပွဲလုပ် တယ်ဆိုတာ စနစ်တကျလုပ်တာ။ ကျွန်တော်တို့မှာက ကျယ်ပြန့်တဲ့ ပထဝီအနေအထား၊ နောက်ပြီးတော့ လက်နက်ကိုင် အင်အားစုတွေ လွှမ်းမိုးတဲ့နေရာ အများအပြား၊ ဒီနေ့ကိုဗစ်ရောဂါအများဆုံးကူး စက်နေတဲ့ အိန္ဒိယနိုင်ငံနဲ့က နယ် နိမိတ် မိုင် ၁၃ဝဝ လောက် ထိစပ် နေတယ်။ ကိုဗစ်စခဲ့တဲ့ တရုတ် နိုင်ငံနဲ့ဆိုလည်း မိုင် ၁၃ဝဝလောက် ဆက်စပ်နေတဲ့ အနေအထားရှိ တယ်။ အဲဒီလိုအနေအထားတွေ အပြင် အခု ရခိုင်မှာဖြစ်တဲ့ကိစ္စတွေ ဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင် လာတဲ့သူတွေကြောင့် စခဲ့တာလေ။ ရခိုင်ကနေ ရန်ကုန်ရောက်လာ တာကိုး ဘင်္ဂလားဒေ့ရှ်နဲ့ကလည်း ကျွန်တော်တို့က မိုင်ပေါင်း ၁၆၈ မိုင်ထိစပ်နေတယ်။ အခြားနိုင်ငံရေး အကြောင်းတွေနဲ့ အခြားသော နိုင်ငံရေးအရ ထိုးနှက်မှုတွေဖြစ်တဲ့ အခါမှာ ကိုဗစ်ပြန့်ပွားမှုအတွက် အကောင်းဆုံးအနေအထားရှိနေ တယ်။ အဲဒီလိုအနေအထားမျိုးတွေ မှာ ကျွန်တော်တို့က ကိုယ့်ပထဝီ နိုင်ငံရေးအခြေအနေ၊ ကိုယ့်နိုင်ငံ အခြေအနေ၊ ကိုယ့်ဘေးပတ်ဝန်း ကျင်အခြေအနေ မကြည့်ဘဲနဲ့ တောင်ကိုရီးယားတို့ ၊ စင်ကာပူတို့ လည်းလုပ်တာပဲ တို့လည်းလုပ် မယ်ဆိုတဲ့ အဆုံးအဖြတ်မျိုးကို ပေးမယ်ဆိုရင် နောင်မြန်မာ့နိုင်ငံ သမိုင်းမှာ လူ့အသက်ကို တန်ဖိုး မထားတဲ့ အာဏာကိုသာတန်ဖိုး ထားတဲ့ နိုင်ငံရေးသမားအဖြစ် မှတ်တမ်းတင်ခံရမှာပဲ။ ယနေ့တိုင်း ပြည်မှာ လူနှစ်မျိုးနှစ်စားပဲရှိတယ်။ လက်မှတ်ထိုးတဲ့သူတွေက အာဏာ သည် အဓိကမဟုတ်ဘူး။ လူ့ အသက်သည်အဓိကလို့ ခံယူထား တဲ့နိုင်ငံရေးပါတီတွေ၊ ရွေးကောက် ပွဲကို မဖြစ်မနေလုပ်မယ်။ လူတွေ အတုံးအရုန်း ကူးစက်ပြီးတော့ သေဆုံးမှုတွေမြင့်လာပေမယ့် လုပ် ကိုလုပ်မယ်ဆိုတဲ့ လူတွေကတော့ လူ့အသက်ထက် အာဏာကိုဖက် တွယ်ထားတဲ့ လူတွေလို့သာ နောင် သမိုင်းမှာ အဆုံးအဖြတ်ပေးခြင်းကို ခံရမယ်လို့ ကျွန်တော်ပြောချင် တယ်။ ဒါကြောင့် ၂၄ ပါတီရဲ့ ကြေညာချက်၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီကလည်း သီးခြားထုတ်တယ်။ အဲဒီထုတ်ပြန် ချက်တွေ အကုန်လုံးကိုကြည့် လိုက်လို့ရှိရင် နိုင်ငံရေးပါတီတွေမှာ တိုင်းသူပြည်သားတွေရဲ့ ကျန်းမာ ရေးအခြေအနေကို အလေးထားတဲ့ ပါတီကဘယ်လောက်၊ အာဏာကို အလေးထားတဲ့ပါတီတွေက ဘယ် လောက်ဆိုတာတော့ ခွဲခြားစဉ်းစား ဆုံးဖြတ်လို့ရပါပြီ။
အဲဒါကြောင့် အာဏာအတွက်မလုပ်ဘဲနဲ့ လူ့ အသက်ကို အလေးထားပါလို့ဆိုတဲ့ နိုင်ငံရေးပါတီတွေကတော့ ဘာ ပြောပြော နိုင်ငံရေးအမျှော်အမြင် အရပဲဖြစ်ဖြစ်၊ လူသားအရေးကို အလေးထားတဲ့သူတွေအဖြစ်လိပ်ပြာ သန့်သန့်နဲ့ ရှေ့ခရီးကိုချီတက်နိုင် တယ်လို့ ကျွန်တော် ပြောချင်ပါ တယ်။
မေး။ ပါတီတွေ စည်းရုံးရေးဆင်း တဲ့နေရာမှာ အခက်အခဲ
တွေရှိနေပါတယ်။ နေပြည်တော် ရွာတစ်ရွာမှာ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးမှုတစ်ခုမှာ လေးခွနဲ့ ဝိုင်းပစ်ခံရတာတို့၊ တုတ်ဓား အသုံး ပြုဖျက်ဆီးမှုတွေတောင်ရှိတယ်လို့ သတင်းတွေ ကြားနေရပါတယ်။ အဲဒီလို မင်းမဲ့စရိုက်ဆန်စွာ ပြုမှု အပေါ်မှာဒီမိုကရေစီရဲ့ အနှစ်သာရ နဲ့ ကိုက်ညီမှုရှိမရှိ ဆရာသုံးသပ် ပေးပါဦးခင်ဗျ။
ဖြေ။ ကျွန်တော် အမြဲပြောနေ တာရှိပါတယ်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ကတိသစ္စာပြု ထားပြီး လေးစားလိုက်နာတဲ့သူနဲ့ ကတိသစ္စာပြုပြီး မလေးစားမ လိုက်နာတဲ့သူ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုတောင် မလေးစားတဲ့သူ တွေရှိနေတဲ့ အခြေအနေအောက်မှာ သာမန်ရွေးကောက်ပွဲဥပဒေတို့၊ တည်ဆဲဥပဒေဖြစ်တဲ့ လူစုလူဝေးနဲ့ ရန်လုပ်တာတို့ မလုပ်ရဘူးဆိုတာ က ဘာမှပြောစရာမလိုတော့ဘူး။ တစ်ခုတည်းပြောရရင်တော့နေပြည် တော်မှာဖြစ်ရတာ တရားဥပဒေ စိုးမိုးရေးပျက်သွားပြီလို့ ပြောချင် တယ်။ တရားဥပဒေစိုးမိုးရေးပျက် သွားရုံတင်မကဘဲနဲ့ လူအုပ်စုနဲ့ ဆိုရင် လုပ်ချင်ရာလုပ်လို့ရတယ် ဆိုတဲ့ အယူအဆလည်းဝင်သွားပြီ။ အဲဒီလို မင်းမဲ့စရိုက်တွေ အခုလို ဖြစ်သွားတာဟာ ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာလည်း အား လုံးအသိဖြစ်သည်။ ဒါတွေအကုန် လုံးကို တစ်ချက်တည်းပြောရမယ် ဆိုရင် လွတ်လပ်တဲ့၊တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေ အနေမရှိဘူးဆိုတာ အခုနေပြည် တော်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့စည်း ရုံးရေးကို နိုင်ငံရေးအရ လုပ်ကြံ ထိုးနှက်တဲ့ လုပ်ရပ်ကဖော်ပြနေပြီ လို့ ကျွန်တော် ထောက်ပြပါရစေ။