images
UN
UN
The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို အရှက်ကွဲခံပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရသည့် အဆိုတော် ဖြိုးကျော်ထိုက်
ကိုလင်း Saturday, 12 September 2020
MelodyWorld သီချင်းဆို ပြိုင်ပွဲကနေတစ်ဆင့် ဂီတလောက ထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး ''မော် ကွန်းသစ်''ဟုအမည်ရသည့် တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်ပြီှးSingle Songတွေလည်း အများကြီးထွက်ရှိခဲ့ သည့် အဆိုတော်ဖြိုးကျော်ထိုက် အနေဖြင့် MRTV -4 က စီစဉ် တင်ဆက်သော ယခုတစ်ပတ်The Voice Myanmar အစီအစဉ်မှာဖြင့် ပြိုင်ပွဲဝင်အနေနှင့် ဝင်ရောက်ယှဉ် ပြိုင်လာခဲ့တာဖြစ်ပြီး ယင်းသို့ ယှဉ်ပြိုင်ခဲ့သည့်အပေါ် ပရိသတ် များ၏ဝေဖန်မှုတွေကိုပါ ခံခဲ့ရ ကြောင်း သိရသည်။
''ဒီပြိုင်ပွဲကို ကျွန်တော်ဝင် မပြိုင်သင့်ဘူးလို့ လူတွေကပြော ကြတယ်။ ကျွန်တော်ကိုယ်တိုင်က လည်း မပြိုင်သင့်ဘူးဆိုတာဝန်ခံ ပါတယ်။ ငွေရေးကြေးရေး အခက် အခဲတွေ၊ မိသားစုအဆင်မပြေမှု တွေကြောင့် ဒီလမ်းကိုရွေးချယ်ခဲ့ တာပါ။ မိသားစုအတွက်ရင်း လိုက် တာပါ။ မျိုးဆက်သစ် Junior အဆိုရှင်တွေကို အနိုင်ကျင့်ချင်တဲ့ စိတ်နဲ့ဝင်ပြိုင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်လည်း ပွင့်ပွင့်လင်း လင်းပြောရရင် ကျွန်တော့်ပေတံ ကျွန်တော် ဘယ်ရိုက်ချိုးချင်ပ့ါ မလဲ။ ကျွန်တော့်ပရိသတ်တွေရှိ ပြီးသားဆိုတာကျွန်တော်သိတယ်။ ဒါပေမယ့်လည်းကျွန်တော့်မိသားစု အတွက် ကျွန်တော်သိက္ခာတရား တွေကိုမငဲ့ကွက်တော့ဘူး။ကျွန်တော့် မိသားစုအတွက် ကျွန်တော်လာပြိုင် ဖြစ်တာပါ။ ကို Rဇာနည်နဲ့ မနီနီခင် ဇော်တို့ကလှည့် ကြည့်တဲ့အခါမှာ ဟူး...တော်ပါသေးတယ်ပေါ့.. မဟုတ်ရင် ကျွန်တော်အရှက်ကွဲပြီ လေ''ဟု ပြောသည်။