images
UN
UN
အနုပညာရှင်များဖြင့် LUX မှ ထုတ်ကုန်သစ်များကိုLive Video မှတစ်ဆင့် မိတ်ဆက်သွားမည်
သွန်းလေး Saturday, 12 September 2020
လာမည့် စက်တင်ဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတွင်LUX မှ အသစ်ထွက်ရှိထားသည့်LUX Botanicals “Youthful Skin” ” နဲ့ “ှုSkin Rebalance” တို့ကိုLive Video မှတစ်ဆင့် အနုပညာရှင်များဖြင့် မိတ်ဆက်သွားမည်ဖြစ်သည်။
ယင်းမိတ်ဆက်ပွဲတွင် သရုပ်ဆောင် နေခြည်ဦး၊ မဝင်းမင်းသန်း Teresa တို့နှင့်အတူ မင်းသားချောများဖြစ်ကြသည့်Jay Baas နဲ့ မင်းသွေးခန့်တို့က ပါဝင်အားဖြည့်ပေးထားကြသည်။
ထို့အပြင် နေခြည်ဦးနဲ့ မဝင်းမင်းသန်းတို့မှ Fan များကှိုSurprise ဖုန်းခေါ်မည့်အစီအစဉ်လည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Live တွင် ပျော်စရာအစီအစဉ်များ၊ တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့်အသားအရေထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာအကြောင်း များ၊ နေခြည်နှင့်မဝင်းမင်းသန်းကိုယ်တိုင် ပြုလုပ်ထားသည့် လက် ဆောင်များနှင့် အထူးပရိုမိုးရှင်းများပါဝင်သွားမည်ဖြစ်သည်။