images
UN
UN
ဝိုင်းမော်မြို့နယ်တွင် ကျွဲနွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံပေး
လူမော်(မနောမြေ) Saturday, 12 September 2020
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေး ရွာတွင်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှဒုတိယခြောက်လပတ်ဒုတိယ အကြိမ် ကျွဲ၊ နွားလည်ချောင်းကွဲ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ကွင်း ဆင်းထိုးနှံပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက် ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနမှူးဒေါက်တှာ. ယိန်း ခေါနှင့်ဝန်ထမ်းများ၊သင်တန်းသား သင်တန်းသူများကခတ်ချိုကျေးရွာ ၌ ယခုလ ၈ ရက်မှ စတင်၍ ကာ ကွယ်ဆေးထိုးနှံပေးခဲ့ရာ ကျွဲ ၆၈ ကောင်၊နွားအကောင် ၁၂ဝ တို့အား ထိုးနှံပေးခဲ့ပြီးဝိုင်းမော်မြို့နယ်အတွင်း ရှိ ကျန်ရှိသော ရပ်ကွက်/ကျေးရွာ များအတွင်းရှိကျွဲ၊နွားများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းမြို့နယ်မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနရုံးမှ သိရသည်။