images
UN
UN
ပုံမှန်ဝင်ငွေဖော်ဆောင်ပေးနေသည့် တန်ဖိုးနည်းခေါင်းအုံးနှင့် ဖက်လုံးချုပ်လုပ်ငန်း
နွေနဒီ(မြစ်ငယ်) Saturday, 12 September 2020
အခြေခံလူတန်းစာအများစု ဝယ်ယူသုံးစွဲနိုင်သည့် တန်ဖိုးနည်း ခေါင်းအုံးနှင့်ဖက်လုံးများ ပြုလုပ် ရောင်းချခြင်းလုပ်ငန်းကို မန္တလေး မြို့ မြရည်နန္ဒာကွက်သစ်တွင် တစ် နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင်ပုံမှန် ပြုလုပ်ရောင်းချလျက်ရှိရာ အဆင် ပြေလျက်ရှိကြောင်း သိရသည်။
တန်ဖိုးနည်းခေါင်းအုံးနှင့် ဖက် လုံးပြုလုပ်ရာတွင် မန္တလေးမြို့ ရတနာပုံဈေးမှ အထည်စကို ဝယ် ယူကာ ခေါင်းအုံးနှင့် ဖက်လုံးအခွံ အတွက်ချုပ်ကြရသည်။ ခေါင်းအုံး နှင့်ဖက်လုံးအတွင်းထည့်သည့်အစာ အတွက် အထည်ချုပ်စက်ရုံများမှ ထွက်လာသောအထည်စ ငယ်များ ကိုဝယ်ယူကြရသည်။ ယခင်က အထည်စက်ရုံမှအထည်စငယ်များ ကို အမှိုက်အဖြစ်စွန့်ပစ်ခဲ့သည်။
နောက်ပိုင်းဝယ်ယူသူရှိသည့် အတွက် အိတ်များအတွင်းစနစ်တ ကျထည့်ကာရောင်းချလာကြသည်။ ခေါင်းအုံးနှင့်ဖက်လုံးချုပ်ရန်အထည် စတစ်ကိုက်လျှင် ငွေကျပ် ၆ဝဝ ကျော်ပေးရသည်။ အထည်ချုပ် စက်ရုံများမှ အထည်စငယ်တစ် ပိဿာလျှင်ငွေကျပ် ၁၅ဝပေးရ သည်။ လက်ရှိကာလတွင် ခေါင်း အုံးနှင့်ဖက်လုံးသုံးမျိုးသုံးစားပြုလုပ် ရောင်းချကြသည်။ဖက်လုံးအသေး တစ်လုံးလျှင်ငွေကျပ် ၅ဝဝအလတ် တစ်လုံးလျှင် ငွေကျပ် ၇ဝဝ နှင့် အကြီးတစ်လုံးလျှင်ငွေကျပ်၁ဝဝဝ နှုန်းဖြင့်ရောင်းချကြသည်။ တန်ဖိုး နည်းခေါင်းအုံးတစ်လုံးလျှင်ငွေကျပ် ၅ဝဝဖြင့်ရောင်းချသည်။ အထည် ဈေးနှုန်းအတက်အကျပေါ်မူတည် ကာ ဈေးနှုန်းအပြောင်းအလဲရှိ ကြောင်း သိရသည်။ တန်ဖိုးနည်း ခေါင်းအုံးနှင့်ဖက်လုံးများကို တိုက် ရိုက်ဖြန့်ချိရောင်းချကြသည်။ အများ အားဖြင့်ဈေးများတွင်လိုက်လံရောင်း ချခြင်းအရပ်လည်ရောင်းချသူများ ကိုလည်း ဖောက်သည်ပေးခြင်း များပြုလုပ်ကြရသည်။
တန်ဖိုးနည်းခေါင်းအုံးနှင့် ဖက် လုံးများမှာငွေကျပ်တစ်ထောင်ဝန်း ကျင်သာပေးရသည့်အတွက် ဝယ် ယူသူများပြားသည်။ နွေမိုးဆောင်း တစ်နှစ်ပတ်လုံးပြုလုပ်ရောင်းချရ သည့်အတွက် ပုံမှန်ဝင်ငွေရရှိ ကြောင်း တန်ဖိုးနည်းခေါင်းအုံးနှင့် ဖက်လုံးချုပ်ကာရောင်းချသူတစ်ဦး က ရှင်းပြသည်။