images
UN
UN
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရပ်ကွက် ကျေးရွာလမ်းသွယ်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်း လူဝင်လူထွက် စိစစ်ခြင်းများဆောင်ရွက်
ဇွဲမာန်(လှိုင်သာယာ) Saturday, 12 September 2020
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများတွင်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် လမ်းသွယ်များပိတ်ဆို့၍ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူဝင် လူထွက် စိစစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လှိုင် သာယာ(အနောက်ပိုင်း)မြို့နယ် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေး ရွာ အုပ်စု(၄)အုပ်စုရှိ လမ်းသူလမ်း သားများ၊ ရာအိမ်မှူး၊ ဆယ်အိမ် မှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များပူးပေါင်း၍ လမ်းသွယ်များပိတ်ဆို့၍ လမ်းပိုင်း တစ်ခုစီတွင် ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ လိုက်လံဆော်သြ ခြင်း၊ လူဝင်၊လူထွက်စိစစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီးကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို လမ်းပိုင်းအလိုက်ဆောင်ရွက်မှု အား မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ပေါင်းစပ်ဆောင် ရွက်နိုင်ရေး၊ အုပ်ချုပ်ရေးမှူးရုံး တွင် ပို့ဆောင်ရေးအဖွဲ့များ၊ အုပ် ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့ များ ဆောင်ရွက်ထားရှိကြောင်း သိရသည်။