images
UN
UN
လေယာဉ်မောင်းသင်တန်း အမှတ်စဉ် ၈၂ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲကျင်းပ
အေးချမ်းပိုပို Saturday, 12 September 2020

Online Video Conferenc ing စနစ်ဖြင့် လေယာဉ်မောင်းသင် တန်းအမှတ်စဉ်(၈၂)ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာ မြို့၌ကျင်းပခဲ့ကြောင်း ယမန်နေ့ ညပိုင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်(လေ)၏လေယာဉ် မောင်းသင်တန်းအမှတ်စဉ်(၈၂) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း တွင် မိတ္ထီလာမြို့၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးဇေယျကျော်ထင် မောင်မောင်ကျော်က Online Video Conferencing စနစ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်မောင် မောင်ကျော် ကိုယ်စား လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ် မှူး ဗိုလ်ချုပ်စိုးအောင်က ကျောင်း ဆင်းအရာရှိများအား လေသူရဲ တောင်ပံများကို တစ်ဦးချင်းအပ် နှင်းပြီး လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၂)မှ စံပြလေသူရဲ ဆုရ ဗိုလ်ဘုန်းသက်နိုင်အားလည်း ကောင်း၊ လေယာဉ်မောင်းထူးချွန် ဆုရ ဗိုလ်ဇေရဲမြတ်အားလည်း ကောင်း၊ စာပေထူးချွန်ဆုရ ဗိုလ် အောင်ဇော်မျိုးအားလည်းကောင်း၊ ထူးချွန်ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။