images
UN
UN
အဂတိလိုက်စားမှုအား ဖုံးကွယ်ပေးထားသည်ဟု သတ်မှတ်ကာ သမ္မတအား လွှတ်တော်များမှ စွပ်စွဲပြစ်တင်မှုပြုလုပ်
NG(Ref; Reuters) Saturday, 12 September 2020
ပီရူးကွန်ဂရက်စ်သည်ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသောဗက်ဇ်ကာရာ အား အဂတိလိုက်စားမှုအား ဖုံးကွယ်ပေး ထားသည်ဟု သတ်မှတ်ကာ သမ္မတအား စွပ်စွဲပြစ်တင်မှု ပြုလုပ်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။
အများပြည်သူနှင့်ဆိုင်သောရန်ပုံငွေတစ်ရပ် အား အစိုးရဘက်မှ စီမံခန့်ခွဲမှုပြုလုပ်ရာတွင် ကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည်ဟုသတ် မှတ်နိုင်သောဖြစ်စဉ်အား ဗက်ဇ်ကာရာမှ ဖုံး ကွယ်ပေးထားခြင်းကြောင့် အဂတိလိုက်စား မှုကို အားပေးရာရောက်နေသည်ဟုသတ်မှတ် ကာ စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။ ကွန်ဂ ရက်စ်တွင် ဗက်ဇ်ကာရာက အဆိုပါဖြစ်စဉ် အား ဖုံးကွယ်ပေးရန် အစီအစဉ်ချမှတ်ခဲ့သည် ဟု ယူဆနိုင်သောအသံဖိုင်တစ်ခုကိုပါ နား ထောင်ပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် စွပ်စွဲ ပြစ်တင်မှုအတွက် စစ်ဆေးမှုများ ဆက်လက် ပြုလုပ်မည်ဟု အတည်ပြုနိုင်ခဲ့သည်။ အမေ ရိကန်ဒေါ်လာ ငါးသောင်းခန့်နှင့်ညီမျှသော အများပြည်သူနှင့်ဆိုင်သည့်ရန်ပုံငွေကို တာဝန် ယူစီမံခန့်ခွဲရသူဘက်မှ ကိုယ်ကျိုးရှာသုံးစွဲခဲ့ သည့်ကြားမှ ဖုံးကွယ်ပေးခဲ့သည်ဟုထင်ရှား ပါက ဗက်ဇ်ကာရာသည် ရာထူးမှနုတ်ထွက် ပေးရဖွယ်ရှိနေသည်။ ဗက်ဇ်ကာရာက ယခု လုပ်ဆောင်ချက်သည် ကွန်ဂရက်စ်ဘက်မှ နိုင်ငံရေးအရ အာဏာသိမ်းရန် ကြိုးပမ်းခြင်း ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။