images
UN
UN
အမေရိကန်အစိုးရ အသုံးစရိတ်လိုငွေ စံချိန်တင်ပမာဏအထိ မြင့်တက်
NG (Ref; USA Today) Saturday, 12 September 2020
အမေရိကန်အစိုးရအသုံးစရိတ်လိုငွေသည် ယခုနှစ်အတွက် စံချိန် တင်ပမာဏအထိ မြင့်တက်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
၁၁ လအတွင်း ဖြစ်ပေါ်ခဲ့သောအမေရိကန်အစိုးရအသုံးစရိတ်လိုငွေ မှာ အမေရိကန်ဒေါ်လာ သုံးထရီလီယံအထိ ရှိခဲ့ကာ ပြီးခဲ့သည့်ဆယ်စုနှစ် လေးခုခန့်အတွင်း အသုံးစရိတ်လိုငွေအမြင့်ဆုံးအထိ ရောက်ရှိခဲ့ခြင်းဖြစ် သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ရန်နှင့် ကုသ ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက် အသုံးစရိတ်မြှင့်တင်သုံးစွဲခဲ့ ရခြင်းကြောင့် အသုံးစရိတ်လိုငွေသည် စံချိန်တင်အနေအထားအထိ ရောက် ရှိသွားခဲ့ခြင်းဖြစ်သည်။ ခွင့်ပြုအသုံးစရိတ်များထဲတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကို တားဆီးထိန်းချုပ်ရေးအစီအစဉ်များနှင့် ပြန်လည် ကုစားရန်အစီအစဉ်များအတွက် အသုံးပြုခဲ့သည့်စရိတ်ပမာဏမှာ အမေ ရိကန်ဒေါ်လာ နှစ်ထရီလီယံအထိရှိခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အတွင်း၌ ဖော်ပြသည်။