images
UN
UN
အမေရိကန်သူလျှိုများအား ဖမ်းမိဟု ဗင်နီဇွဲလားသမ္မတပြောကြား
NG (Ref; BBC) Saturday, 12 September 2020
ဗင်နီဇွဲလားသမ္မတမာဒူရိုက အမေရိ ကန်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေသူနှစ် ဦးအား ဖမ်းမိခဲ့သည်ဟု ပြောသည်။
သူလျှိုနှစ်ဦးအား ဗင်နီဇွဲလားနိုင်ငံ အတွင်းရှိ ရေနံအများဆုံးထုတ်လုပ်နေ သည့် ရေနံတွင်းများအနီးတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကာ ၄င်းတို့နှင့်အတူ တွေ့ရှိခဲ့သည့် ပစ္စည်းများထဲတွင် သူလျှိုလုပ်ငန်းများ တွင် အများဆုံးအသုံးပြုသည့်ပစ္စည်းများ ပါဝင်ခဲ့ကြောင်း ဗင်နီဇွဲလားပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ မာဒူရိုက သူလျှိုများသည် ဗင်နီဇွဲလား၏ အဓိကဝင်ငွေရလမ်းဖြစ်သော ရေနံလုပ် ငန်းများအပေါ် ပစ်မှတ်ထားတိုက်ခိုက်လို သောကြောင့် သူလျှိုများဖြင့် စောင့်ကြည့် နေခြင်းဖြစ်နိုင်သည်ဟု ပြောသည်။ ဗင်နီ ဇွဲလားသည် အမေရိကန်နှင့်ဆက်ဆံရေး အေးခဲနေမှုများကို လျှော့ချရန်အတွက် အတိုက်အခံနိုင်ငံရေးသမားများကိုပြန်လွှတ် ပေးခဲ့ပြီးဖြစ်သည်။