images
UN
UN
နောင်ချိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုနှင့်တွေ့ဆုံဆွေးနွေး
Saturday, 12 September 2020
နောင်ချိုမြို့နယ် အုမ္မခါး ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဗိုလ်မင်းနေအိမ်စုရပ်သို့ ယမန်နေ့ နံနက်၉နာရီခွဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဦးခင်မောင်ချို၊အမှတ် (၁)မဲဆန္ဒနယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးချိန်ကြီး၊ အမှတ်(၂)မဲဆန္ဒနယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ ရောက်ရှိကြပြီး လွှတ်တော်ကိုယ် စားလှယ်လောင်းသုံးဦးတို့က ရွေး ကောက်ပွဲဆိုင်ရာ သိကောင်းစရာ များ၊ ကိုယ်စားလှယ်ရွေးချယ်ခြင်း ကိစ္စများနှင့် မဲပေးနည်းစနစ်များကို အသီးသီးဆွေးနွေးကြပြီး တွေ့ဆုံ မှုကို နံနက်၁ဝနာရီတွင် ပြီးမြောက် ခဲ့ကြောင်းသိရသည်။