images
UN
UN
အနုပညာအလုပ်တွေပြန်လုပ်ရန် အားမွေးထားသည်ဟုဆိုလာသည့် ချမ်းမီမီကို အတွက် ဆရာဖြစ်သူ ဂျွန်လွင် Stars & Models ၏အမြင်
ဒဂုံဝေလင်း Thursday, 10 September 2020
အနုပညာလောကနှင့်နှစ်ပေါင်း များစွာဝေးကွာနေခဲ့ရာမှ တစ်ကျော့ ပြန် ပြန်လည်ဝင်ရောက်လာပြီး အနုပညာအလုပ်တွေ လုပ်ကိုင် မည့် ချမ်းမီမီကိုသည် Single Mother တစ်ဦးဖြစ်နေပြီဟု သိရ သည်။
ချမ်းမီမီကို၏ လက်ရှိအနု ပညာလောကထဲ ပြန်လည်ဝင် ရောက်လာခြင်းနှင့် ပတ်သက်ပြီး မော်ဒယ်လောက၏ ဖခင်ကြီး ဂျွန်လွင်က''ချမ်းမီမီကိုက အနု ပညာလောကထဲကို ပြန်ဝင်တော့ မယ်ဆိုပြီး ကိုယ့်ဆီရောက်လာပြီး ဘာအလုပ်တွေရှိလဲတဲ့ ကိုယ်က လည်း ငါတောင်အလုပ်မရှိဘူး။ ဒီမှာ ထိုင်နေရတယ်လို့။ နင်က လကမ္ဘာသွားတာ မရောက်ဘဲ ဘယ်လိုလုပ် ငါ့ဆီရောက်လာလဲ ဆိုပြီး မေးလိုက်သေးတယ်။ သူ ကလေးတစ်ယောက်ရှိတယ်ဆိုတာ တော့ ကျွန်တော်လည်း မသိဘူး။ မမေးကြည့်လိုက်မိဘူး။ အခုက တော့ လက်ရှိလုပ်နေတဲ့သူတွေ တောင်အလုပ်မရှိဘူး ထိုင်နေရ တယ်လို့။ Page ထောင်ပြီး ကိုယ့် ဘာသာပရိသတ်နဲ့ရင်းနှီးမှုရအောင် tik tokလေးတွေရိုက်ပေါ့နော်။ သူ့မှာ ဘာပဲပြောပြော ပရိသတ် ပြန်ရမယ်လေ။ သရုပ်ဆောင်နေရာ မှာ ကျွမ်းကျင်ပြီးသား တတ်ပြီး သားလူတွေအတွက်ကတော့ နေရာ တစ်ခုကတော့ ပျောက်သွားမှာ မဟုတ်ဘူး။ သူဇာတ်လမ်းတွဲတွေ ရိုက်မယ်ဆိုရင်လည်း ကျွန်တော် က ချိတ်ပေးဖို့ရှိပါတယ်။ အခုက တော့ကိုဗစ်ဖြစ်နေတော့ အကုန်လုံး ရပ်နေတာပါ။ သူ့ကို အိမ်ထဲမှာပဲ ကျန်းမာအောင်နေ လှအောင်နေ လေ့ကျင့်ခန်းလုပ်ပေါ့။ သရုပ် ဆောင်လုပ်မယ့်သူက သူများထက် တော့လှနေမှ ဖြစ်မှာလေ။ မကြီးစိုး (စိုးမြတ်သူဇာ ) ဆိုရင်လည်း သူ့ အချိုးအစားနဲ့ သူ့အသက်အရွယ်နဲ့ မျက်နှာနဲ့ အရမ်းကြည့်လို့ကောင်း တယ်။ အဲဒီလို လှနေဖို့လိုတယ်။ မင်းသမီးဆိုတာက လည်ပင်းတွေ အဆီများပြီး ဝဖိုင့်ဖိုင့်နဲ့ဆို ကြည့် လို့ မကောင်းဘူးလေ။ တချို့ လည်း ဝပေမယ့် ပရိသတ်ရှိကြ တာပါပဲ။ ဒါပေမဲ့ ဘယ်သူမဆို လှတာကိုပဲ ကြည့်ချင်ကြတာလေ။ အနုပညာလုပ်ငန်းတွေ ဆည်းပူးရ မယ်။ နိုင်ငံခြားက ဇာတ်လမ်းတွေ ပြန်ကြည့်ရမယ်။ သရုပ်ဆောင်မှု တွေက အရင်ကနဲ့ မတူတော့ဘူး ပြောင်းလဲသွားတာတွေရှိတယ်။ အဲဒါလေးတွေပြန်ပြီး လေ့ကျင့် ယူရမယ်လို့တော့ ပြောထားတယ်။
ချမ်းမီမီကိုက သူ့အမျိုးသားနဲ့ ပြဿနာတက်တဲ့အချိန်ကနေစပြီး သီလရှင်တွေဝတ်တယ်။ ဘုရား တရားကို ပိုလုပ်လာတယ် ။ အဲဒီ တော့ သူ့ကြည့်လိုက်တော့ တည် တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမဲ့ ပြိုင် ဆိုင်မှုမှာတော့ တည်ငြိမ်လို့ မရ ဘူး။ ကျွန်တော် တည်ငြိမ်တယ်ဆို ပေမယ့်အလုပ်နဲ့ပတ်သက်လို့ကတော့ ဘယ်တော့မှ မလျှော့ဘူး။ အဲဒီလိုပဲ သူ့ကို ပြောလိုက်တယ်။ နင့်ဘာ သာတည်ငြိမ်တာကတစ်ပိုင်း ဒီ ဘက်အနုပညာလုပ်ငန်းမှာတော့ လျှော့လို့မရဘူး။ အကုန်လုံးက ကိုယ့်ပြိုင်ဘက်တွေလို ယှဉ်ပြိုင်ရ မယ် တိုက်ခိုက်ရမယ်။
လူငယ်တွေ အားလုံးကို ပြော ချင်တာကတော့ ကိုယ်ဝါသနာ ပါတဲ့အလုပ်ကို ဘယ်တော့မှမစွန့် လွှတ်ပါနဲ့။ ဘယ်သူ့အတွက်မှ လည်း စွန့်လွှတ်စရာမလိုဘူး။ ကိုယ်လုပ်နေတဲ့အလုပ်က ရပ်တန့် သွားရင် ကိုယ့်မှာ ပါဝါလည်း မရှိ တော့ဘူး။ သူတို့ရဲ့ ထိန်းချုပ်မှု ချုပ်ကိုင်မှုကို ခံရမယ်''ဟု ပြော ပြခဲ့သည်။