images
UN
UN
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ကော်မရှင်တစ်ရပ်အနေဖြင့် နိုင်ငံရေးပါတီအသီးသီးကြားမှာ ရပ်တာမဟုတ်ဘဲနဲ့လက်ရှိအာဏာရပါတီနဲ့ အာဏာရအစိုးရအပေါ်မှာ အကာအကွယ်ပေးတယ်လို့ ပြောချင်တယ်
ကိုနေ၊ ဗိုလ်စော Thursday, 10 September 2020
အမေရိကန်အစိုးရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(့နဃ) ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ၂ဝ၂ဝ ရွေးကောက်ပွဲကို စီမံခန့်ခွဲရန်နှင့် ပါဝင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၆သန်းကျော် ကူညီပံ့ပိုးထားဟုမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ၃ဝ-၈-၂ဝ၂ဝ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ချက်ကို မီဒီယာများတွင် ဖော်ပြနေမှုအပေါ် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၏ သုံးသပ်ချက်များအား ပြည်ထောင်စုနေ့စဉ်က ဆက်သွယ်မေးမြန်းဖော်ပြအပ်ပါသည်။
မေး။ နိုင်ငံရေးပါတီ ပေါင်း ၂၅ ပါတီက အမေရိကန်ဒေါ်
လာ ၄၆သန်းကျော်ကို လာမယ့် ရွေးကောက်ပွဲအတွက် ကူညီထား တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လို ထုတ်ပြန်ချက်ဟာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကော် ဥပဒေတို့နဲ့ ညီမညီဆိုတာ ဆရာမ ရဲ့ မှတ်ချက်ပြုပြောစကားလေး လိုချင်လို့ပါခင်ဗျ။
ဖြေ။ သူတို့ရေးထားတာက နိုင်ငံ ရေးပါတီများ၊ ကော်ရွေး
ကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် အဖွဲ့အစည်းများဆိုပြီး လှူဒါန်း တယ်လို့ ပြောတာကိုး။ အစ်မတို့ နိုင်ငံရေးပါတီအတွက်လည်း သုံး ထားတာ မရှိဘူးလေ။ အဲဒီလိုပဲ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် လည်း သုံးထားတာမရှိဘူး။ အဲဒါ ကြောင့်မို့ အစ်မတို့ ၂၅ပါတီက ပွင့်ပွင့်လင်းလင်း ပြည်သူတွေ သိ အောင် ဒီစာကိုပေးပို့ရတာပါ။ သူတို့ ပေးတယ်လို့ ပြောတာက နိုင်ငံရေး ပါတီတွေ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နဲ့ အရပ်ဘက်လူအဖွဲ့ အစည်းတွေကို ပေးတယ်လို့ပြော တယ်။ အရပ်ဘက်အဖွဲ့အစည်း တွေကလည်း မရဘူး။ အစ်မတို့ နိုင်ငံရေးပါတီတွေဘက်လည်း မရ ဘူး။ နောက်ပြီး ကော်မရှင်က လည်း မရဘူးပြောတယ်။ ဒါဆို ဒီပိုက်ဆံတွေ ဘယ်ကိုရောက်သွား လဲဆိုတာသိချင်တယ်။ နောက် တစ်ခုက နိုင်ငံရေးပါတီတွေက နိုင်ငံခြားနဲ့ ဆက်သွယ်တာပဲဖြစ် ဖြစ် နိုင်ငံခြားအထောက်အပံ့ယူ တာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော် မရှင်က ပါတီဖျက်သိမ်းတဲ့ အဆင့် အထိ အရေးယူဆောင်ရွက်လို့ရ တယ်။ အခုက အစိုးရသုံးသလိုလို ဟိုလူကသုံးသလိုလိုဖြစ်နေတယ်။ တကယ်လို့ လက်ရှိအာဏာရပါတီ ကယူပြီး ရွေးကောက်ပွဲအတွက် သုံးတယ်ဆိုရင်လည်း ဥပဒေနဲ့ ငြိ စွန်းနေတယ်။ ဒါကိုပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေ နဲ့အညီ ဆောင်ရွက်ပေးဖို့ တာဝန်ရှိ တယ်လေ။ အဲဒီကိစ္စကြောင့် အစ်မ တို့ ၂၅ ပါတီက စာပေးပို့ရခြင်းဖြစ် တယ်။ ဟုတ်တယ်ဖြစ်ဖြစ် မဟုတ် တာဖြစ်ဖြစ် ပွင့်လင်းမြင်သာစွာ ရှင်းပေါ့။
မေး။ အမေရိကန်သံရုံးက အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ပြန်
လည် ရှင်းလင်းခြင်းမရှိသလို ရွေး ကောက်ပွဲကော်မရှင်ကလည်း မယူ ဘူးပြောတယ်။ NLD တာဝန်ရှိသူ ကလည်း အစိုးရအချင်းချင်းပေး တယ်လို့ ပြောတယ်။ အဲဒီအပေါ် မှာကော ဆရာမ ဘယ်လိုသုံးသပ် ပြောဆိုချင်ပါသလဲခင်ဗျ။
ဖြေ။ အမေရိကန်သံရုံးကကော၊ ရွေးကောက်ပွဲကော်မရှင်က
ကော၊ လက်ရှိအစိုးရကကော၊ အဲဒီ ကိစ္စကို ပြည်သူအများသိအောင် ရှင်းသင့်ပါတယ်။
မေး။ COVID-19 က အခု လည်း ဒုတိယလှိုင်းက ရွေး
ကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်တဲ့ စက်တင်ဘာလက မြန်မာ့ COVID-19 ကူးစက်မှုက အမြင့် ဆုံးအဆင့်လာတဲ့အပေါ် လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လောက် ထိခိုက်နိုင်သလို နိုင်ငံရေးတရား မျှတမှုရှိမရှိအပေါ် ဆရာမဘယ်လို သုံးသပ်ချင်ပါသလဲခင်ဗျ။
ဖြေ။ တရားမျှတတဲ့ရွေးကောက် ပွဲ မဖြစ်နိုင်ဘူးဆိုတာကို
တော့ အစ်မတို့က တစိုက်မတ်မတ် ပြောလာတာလေ။ တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ပါဘူး။ ရွေး ကောက်ပွဲကိုကြည့်ရင် အစ်မတို့ နိုင်ငံရေးပါတီတွေဟာ အခုမဲဆွယ် စည်းရုံးခွင့်ပေးတာက စက်တင် ဘာလ ၈ ရက်နေ့မှ ခွင့်ပြုတာ လေ။ သူတို့ကျတော့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက တရားဝင်ခွင့် ပြုခဲ့တာလေ။

ဒါကတရားမျှတမှု မရှိဘူး။ အဲဒါကြောင့်မို့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အပေါ်မှာ အယုံအကြည်မရှိဘူး။ ဒီရွေးကောက်ပွဲ တရားမျှတမှုရှိ တယ်၊ မရှိဘူးဆိုတဲ့ အတိအကျက တော့ ရွေးကောက်ပွဲပြီးမှ သိရမှာ ပေါ့။ မဲဆွယ်စည်းရုံးရေးကတော့ တရားမျှတမှု မရှိဘူးလို့ အစ်မက တော့ ယုံကြည်တယ်။
မေး။ လာမယ့် ရွေးကောက်ပွဲ ကာလမှာ ပြည်သူကို ဘာ
များပြောဆိုချင်ပါသလဲခင်ဗျ။
ဖြေ။ အစ်မတို့က Social Distancing လည်းရှိနေတော့
ပြည်သူတွေကို ပြောချင်တာက မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး လုပ်တယ်ဆိုပေမယ့် အမျိုးသား နိုင်ငံရေးကို လုပ်တာလား၊ တိုင်း ရင်းသား ၁၃၅ မျိုးအတွက်ကို လုပ်တာလား။ အခြားနိုင်ငံသား တွေအတွက်ကို လုပ်တာလားဆို တာ ပြည်သူတွေက ခွဲခြားသိဖို့ လိုတယ်။ အခုအချိန်မှာ ပြည်သူ တွေသာ အခရာဖြစ်တဲ့အတွက် ပြည်သူအများကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေး ကြပါလို့ ပြောချင်ပါတယ်။ နောက် တစ်ခုက အခုမဲရုံတွေကို မည်သို့ ပင်ဆိုစေကာမူ မဲပေးရမယ့်သူနဲ့ မဲရုံတွေက မျှတမှုမရှိဘူး။ ဒါ ကြောင့်မို့လို့ ၂ဝ၁ဝ တို့၊ ၂ဝ၁၂တို့၊ ၂ဝ၁၅တို့ကလို မဲရုံမှာ နံနက် ၆နာရီကနေ ညနေ ၄နာရီအထိ အေးအေးဆေးဆေး မဲပေးရတယ် ဆိုပြီး မလုပ်ပါနဲ့။ ကိုယ့် မဲမထည့် လိုက်ရပဲနေမယ်။ မဲထည့်မယ့်နေ့ မှာတော့ မိမိတို့ရွေးချယ်မယ့် ကိုယ် စားလှယ်ကို မဲရအောင်လို့ ဝီရိယ လေးနဲ့ သွားပြီးမဲပေးပါ။ မဲပေးတဲ့ နေရာမှာလည်း ပယ်မဲမဖြစ်အောင် ကြိုးစားပြီး မဲပေးပါလို့ အစ်မက တော့ တိုက်တွန်းချင်ပါတယ်။
မေး။ အခုက Stay at Home နေရာတွေလည်း အများ
အပြားဖြစ်လာတဲ့အတွက် လာမယ့် ရွေးကောက်ပွဲဟာ အစ်မပြောသလို ဖြစ်မလားဘူးဆိုရင် ဆရာမအနေနဲ့ ဘယ်လိုသုံးသပ်ချင်ပါသလဲခင်ဗျ။
ဖြေ။ ရွေးကောက်ပွဲကျင်းပမယ့် နေ့မှာ အခြေအနေကောင်း
မယ်ဆိုရင်တော့ ဝီရိယလေးနဲ့ မဲ ပေးဖို့ ပြောချင်တယ်။COVID-19 က ဆက်တိုးဆက်ဖြစ်နေဦး မယ်ဆိုရင်တော့ ပြည်သူရဲ့သဘော ပေါ့လေ။ ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်ထက် တန်ဖိုးရှိတာ မရှိဘူးလေ။ ကိုဗစ်ကူးစက်မှုမြင့် တက်နေတယ်ဆိုရင်တော့ မဲသွား ပေးဖို့ မပေးဖို့ အစ်မမပြောလိုဘူး။ ပေးမယ်ဆိုရင်တော့ ဝီရိယလေးနဲ့ ပေးစေချင်တယ်။ ကိုယ်မဲမပေး လိုက်ရတာ မဖြစ်အောင်လို့တော့ ပြောချင်ပါတယ်။ အခု နိုဝင်ဘာ ၈ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲ ဟာ တရားမျှတမှုမရှိဘူးလို့ အစ်မ ကြိုတင် ခန့်မှန်းတယ်။
မေး။ ဆရာမတို့ နိုင်ငံရေးပါတီ တွေ ရုပ်သံမဲဆွယ်ခွင့်ရိုက်
ကူးဖို့ စာတင်ရတာတွေရှိပါတယ်။အဲဒီလို စာတင်တဲ့အပေါ် စာတွေ ဖြတ်တောက်မှုတွေရှိပါသလား။ ရှိ တယ်ဆိုရင် ဆရာမအနေနဲ့ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို ဘာ များပြောလိုပါသလဲခင်ဗျ။
ဖြေ။ အစ်မတို့ နိုင်ငံရေးပါတီ
တွေ ရုပ်သံမဲဆွယ်ခွင့်ရိုက်
ကူးဖို့ စာတင်ရပါတယ်။ အဲဒီလို စာတင်တဲ့အပေါ်မှာ အဓိကစာတွေ ကို သူတို့ဖြတ်တောက်ထားတာရှိ တယ်။ နိုင်ငံရေးပါတီတွေ မဲဆွယ် စည်းရုံးဖို့ စာဖြတ်တောက်ခြင်းဟာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဟာ ကော်မရှင်တစ်ရပ်အနေနဲ့ နိုင်ငံရေးပါတီ အသီးသီးကြားမှာ ရပ်တာမဟုတ်ဘဲနဲ့လက်ရှိအာဏာရ ပါတီနဲ့ အာဏာရအစိုးရအပေါ်မှာ အကာအကွယ်ပေးတယ်လို့ ပြော ချင်တယ်။ ရွေးကောက်ပွဲကော်မရှင် ကို အရင်ကလည်း မယုံကြည်ပါ ဘူး။ ထင်သာမြင်သာရှိတဲ့အခု အချက်ကို ထောက်ပြတာ။ အစ်မ တို့စာထဲမှာ လူထုနိုင်ငံရေးကို အလွယ်ပြောကြပေမယ့် အာဏာ ယှဉ်ပြိုင်မှုအောက်မှာ အာဏာယှဉ် ပြိုင်ပါတီကြီးတွေကြားမှာ အပြန် အလှန်ထိုးနှက်နေတာမျိုးကို နိုင်ငံ ရေးလို့ ပြည်သူအများက နားလည် နေခဲ့ကြသလို ယနေ့အချိန်ဟာ ပြုပြင်ပြောင်းလဲဖို့ အချိန်ဖြစ်ပါ တယ်ဆိုတဲ့ အဲဒီတစ်ပိုဒ်လုံးကို ပြင်ပေးဖို့ဆိုပြီးပြောတယ်။ နောက် ပြီးတော့ အစ်မတို့ စာထဲမှာပါတာ က မင်း/အစိုးရဆိုတာကို ရန်သူ မျိုးငါးပါးထဲ ထည့်သွင်းဖော်ပြ ထားတယ်။ ဗုဒ္ဓဘာသာအခြေခံ လူအများစုဟာ မင်းအစိုးရကို ထိန်းကျောင်းနိုင်တဲ့ အခွင့်အရေး ရဖို့ ဒီမိုကရေစီစနစ်ခွင်ထဲမှာပဲ ကျင့်နိုင်ပါတယ်ဆိုတဲ့နေရာမှာ မင်း/အစိုးရဆိုတဲ့နေရာမှာ မင်း ဆိုး၊ အစိုးရဆိုးလို့ ရေးခိုင်းတယ်။ အမှန်တကယ်က ငါတို့ဗုဒ္ဓဘာသာ မှာက ရန်သူမျိုးငါးပါးထဲမှာ မင်း လို့ပဲ ပါတာလေး။ အဲဒီလိုပြင်ခိုင်း ပယ်ခိုင်းတယ်။ ပြင်ခိုင်းတာတွေ က အစ်မတို့ နိုင်ငံရေးပါတီတွေက ပေးချင်တဲ့ Message ပဲလေ။ အစ်မ တို့အနေနဲ့ ဘယ်သူ့ကိုမှ တိုက်ခိုက် တာမဟုတ်ပါဘူး။ အဲဒီလိုပယ်ခိုင်း တဲ့အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေး ပါတီအသီးသီးကြားမှာ ဒိုင်လူကြီး အဖြစ်နဲ့ရပ်တာမဟုတ်ဘဲနဲ့ လက်ရှိ အာဏာရအစိုးရကို အကာအကွယ် ပေးနေသလိုမျိုး၊ ဘက်လိုက်ပြီး ဆောင်ရွက်နေသလိုမျိုး ဖြစ်နေ တယ်။ အဲဒါတွေကြောင့် ရွေး ကောက်ပွဲကော်မရှင်ဟာ လုံးဝယုံ ကြည်မှုမရှိနိုင်ဘူးဆိုတာကို အစ်မ အမြင်နဲ့ ပြောချင်ပါတယ်။
မေး။ ဆရာမအနေနဲ့ ပြည်သူကို ဖြည့်စွက်ပြောချင်တာရှိပါ
သလားခင်ဗျ။
ဖြေ။ ပြည်သူက အရေးအကြီး ဆုံးပါ။ ရောဂါကူးစက်မှာ
စိုးရင် မဲသွားမပေးလည်းရတယ်။ မပေးပါနဲ့လို့တော့ အစ်မ မပြော ဘူး။ ကိုယ့်အသက်ထက်တော့ ဘာမှအရေးမကြီးဘူး။ ငါတို့ကိုယ် စားလှယ်ကို ငါတို့ရွေးချယ်မယ်ဆို တဲ့သူတွေကတော့ ကိုယ်ဆန္ဒမဲ မပေးလိုက်ရမှာစိုးလို့သွားပေးပါ။ ပယ်မဲမဖြစ်အောင်လည်း သွားပေး ပါလို့ ပြောချင်တယ်။