images
UN
UN
ရွှေသောင်ယံဆိပ်ကြီးလမ်းပိုင်း သုသာန်လမ်းပြုပြင်ဆောင်ရွက်
ကိုကိုမောင် Thursday, 10 September 2020
ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ရွှေသောင်ယံ ဆိပ်ကြီးလမ်းပိုင်း သုသာန်လမ်း လေးမိုင်အား ပြုပြင်ဆောင်ရွက် လျက်ရှိသည်။
ရွှေသောင်ယံဆိပ်ကြီးလမ်း သည် လမ်းအရှည် ၁၄ မိုင် ၆ ဖာလုံ ရှိပြီး ရွှေသောင်ယံမြို့မှ သုသာန် ကုန်းအထိ ၄ မိုင်ရှည်လျားသည်။
ထို့အပြင် မြေသားလမ်းဖြစ် သည့်အတွက် မိုးရာသီသွားလာ ရေးခက်ခဲမှုများကြောင့် ရွှေသောင် ယံမြို့ မှမြတ်ဟံသာလုပ်ငန်းစုနှင့် ရွှေဟိန်းထက်ကုမ္ပဏီကDOO- SAN နှစ်စီးဖြင့်ပြုပြင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းကို မိုးတွင်း ကာလ နာရေးကားများ သွားလာ ရာတွင် အခက်အခဲဖြစ်သည့် အတွက် ဦးစားပေးဆောင်ရွက် ခြင်းဖြစ်ပြီး ရွှေသောင်ယံမြို့ ရပ် ကွက်သုံးခုအတွက်အသုံးပြုဆောင် ရွက်နေသော သုသာန်လမ်းပိုင်း တစ်ခုဖြစ်သည်။