images
UN
UN
ဂရိနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူစခန်းတွင် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် လူပေါင်း ၁၃ဝဝဝ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်
KK (IR) Thursday, 10 September 2020
ဂရိနိုင်ငံလက်စ်ဘော့စ် ကျွန်း ပေါ်ရှိ အကြီးဆုံးရွှေ့ပြောင်းဝင် ရောက်နေထိုင်သူများစခန်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူ ပေါင်း၁၃ဝဝဝဦးနီးပါးအိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း ဘီဘီစီသတင်း ဌာနက ဖော်ပြသည်။
မီးသတ်သမား ၂ဝ ခန့်သည် လူပေါင်း၃ဝဝဝ ခန့် နေထိုင်လျက် ရှိသောမိုရီယာစခန်းတွင် မီး တောက်ကြီးကို ငြှိမ်းသတ်ခဲ့ကြပြီး ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူ များသည် မီးခိုးငွေ့များကြောင့် ထွက်ပြေးခဲ့ကြသည်။ မီးလောင် ကျွမ်းမှုသည် နိုင်ငံရေးခိုလှုံခွင့်ရရှိ ရေးကြိုးပမ်းနေသူများကြောင့် စတင်ဖြစ်ပေါ်သည်ဟု ဂရိပြောင်း ရွှေ့နေထိုင်ရေးဝန်ကြီးက ပြော ကြားခဲ့သော်လည်းအကျယ်တဝင့် ရှင်းလင်းခဲ့ခြင်းမရှိပေ။ ရဲတပ်ဖွဲ့ အနေဖြင့် အနီးအနားရှိ မြို့များသို့ ယင်းရွှေ့ပြောင်းဝင်ရောက်နေထိုင် သူများဝင်ရောက်မှုကိုကာကွယ်ရန် ယင်းစခန်းမှလမ်းများကို ပိတ်ဆို့ ထားခဲ့ရသည်။ များစွာသော ရွှေ့ ပြောင်းသူများသည် ၄င်းတို့၏ ပိုင်ဆိုင်သည်များကို သယ်ဆောင် ကာ ဆိပ်ကမ်းမြို့ဖြစ်သော မိုင် တီလဲနဲသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ သော်လည်း ပိတ်ဆို့တားမြစ်ခံ ခဲ့ရသည်။ ပြီးခဲ့သောသီတင်းပတ် က ဆိုမာလီရွှေ့ပြောင်းဝင်ရောက် သူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသည်ဟု စစ်ဆေးတွေ့ရှိပြီး နောက် မိုရီယာစခန်းကို အာဏာ ပိုင်များက ထိန်းချုပ်ကန့်သတ်ခဲ့ကြ သည်။ ယင်းနေရာနှင့်ဆက်စပ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၅ဦးရှိသည်ဟု တွေ့ရှိထားည်။
Ref: BBC