images
UN
UN
အနောက်နိုင်ငံများနှင့် အီရန်ကြောင့် ယီမင်တွင် စစ်ရာဇဝတ်မှုများကို ဖြစ်ပွားစေသည်ဟု ကုလသမဂ္ဂအဖွဲ့သတိပေး
KK (IR) Thursday, 10 September 2020
ယီမင်ရှိ တိုက်ပွဲဝင်နေသည့် မတူညီသည့်အဖွဲ့များသို့ အနောက် နိုင်ငံများနှင့်အီရန်တို့၏ လက်နက် ထောက်ပံ့မှုများသည် ဆော်ဒီဦး ဆောင်သောညွှန့်ပေါင်း လေတပ် တိုက်ခိုက်မှုနှင့် ဟူသီသူပုန်တို့၏ လက်နက်ကြီး ကျည်ဆန်ဖြင့်ပစ် ခတ်မှုများကြောင့် သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ခြောက်နှစ်ကြာ မြင့်နေပြီ ဖြစ်သော ပဋိပက္ခကို ပိုမိုအားကောင်းစေရေးမီးထိုး ပေး နေသကဲ့သို့ဖြစ်နေသည်ဟု ကုလ သမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးများ က ပြောသည်။
အီရန်က ကျောထောက်နောက် ခံပေးထားသောဟူသီသူပုန်တို့ ၏လှုပ်ရှားမှုများသည် သေဆုံးမှု များနှင့်အခြားသော မတရားမှုများ ကိုဖြစ်ပေါ်စေကာ စစ်ရာဇဝတ်မှု များအဖြစ်အကျုံးဝင်နေသည့်အပြင် ပြီးခဲ့သောနှစ် ပူးတွဲလေကြောင်း တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု များကိုဖြစ်ပေါ်စေနိုင်ကြောင်း ကုလသမဂ္ဂအဖွဲ့၏ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြထားသည်။ပါဝင်သူအားလုံးသည်နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကြကြောင်း ၂ဝ၁၉ ခုနှစ် ဇွန်လမှ ၂ဝ၂ဝ ခုနှစ်ဇွန်လအထိ၃နှစ် ဆက်တိုက် လေ့လာတွေ့ရှိချက်များအရအတည် ပြုနိုင်ခဲ့သည်။
ယင်းသို့ ချိုးဖောက်မှုတွင် တာဝန်ရှိသူများမှာ ယီမင်အစိုးရ၊ ဟူသီသူပုန်များ၊ တောင်ပိုင်းပြုပြင် ပြောင်းလဲရေးကောင်စီနှင့် အထူး သဖြင့် ဆော်ဒီအာရေဗျနှင့် ယူအေ အီးတို့ပါဝင်သည့် ညွန့်ပေါင်း အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အီရန်နှင့် အမေရိကန်တို့သည် လက်နက်များ လွှဲပြောင်းပေးအပ်ခြင်း အပါအဝင် စစ်ဖြစ်ပွားသည့် အဖွဲ့များသို့ လက်နက်များပံ့ပိုးပေးခြင်းဖြင့် ပဋိ ပက္ခကို ဆက်လက်တည်တံ့အောင် ကူညီပေးနေသကဲ့သို့ ဖြစ်နေ ကြောင်း၊ ထို့ကြောင့် ပဋိပက္ခတွင် ပါဝင်သူများအား လက်နက်များ လွှဲပြောင်းပေးခြင်းကို ရပ်တန့်ရန် နိုင်ငံများအားလုံးအား တောင်းဆို လိုကြောင်း ကုလသမဂ္ဂအဖွဲ့၏ သတင်းထုတ်ပြန်ချက်အတွင်း၌ဖော် ပြသည်။ Ref: Reuters