images
UN
UN
တစ်ကြ<ွာလုံးသို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဖြန့်ချိမှုများ အချိန်မီပြုလုပ်မည်ဆိုပါက ဂျမ်ဘိုဂျက်လေယာဉ်အစင်း ၈ဝဝဝ လိုအပ်မည်ဟုဆို
NG(Ref; BBC) Thursday, 10 September 2020
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ် လုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိပြီးနောက် တစ်ကမ္ဘာလုံးသို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးဖြန့်ချိမှုများကို အချိန်တိုအတွင်း ရာနှုန်း ပြည့်ပြီးစီးအောင် လုပ်ဆောင်မည်ဆိုပါက ဂျမ်ဘိုဂျက်လေယာဉ်အစင်း ၈ဝဝဝ လိုအပ် မည်ဟု နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေဆဲ အဆင့်သာ ရှိနေသော်လည်း ထုတ်လုပ်နိုင် သည့်အခြေအနေသို့ ရောက်ရှိလာပါက ကာ ကွယ်ဆေးများကို အချိန်မီ ဖြန့်ချိရန်အတွက် လိုအပ်သည်များကို ပြင်ဆင်ခြင်းနှင့်လေ့လာ ခြင်းများ ပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ဘိုအင်း ၇၄၇ ကဲ့သို့ ဂျမ်ဘို ဂျက်လေယာဉ်စာရင်းဝင်သည့်ဂျက်လေယာဉ် များစာရင်းနှင့် လက်ရှိရောက်ရှိနေသည့်နေရာ များကို မှတ်တမ်းပြုစုခြင်းနှင့် ကာကွယ်ဆေး ပို့ဆောင်ဖြန့်ချိရမည့်အချိန်သို့ ရောက်ရှိလာပါ က ကာကွယ်ဆေး ရယူရမည့်နေရာနှင့်သွား ရောက်ပို့ဆောင်ရမည့်နေရာများကို ရွေးချယ် ကာ ခရီးစဉ်ရေးဆွဲခြင်းများ ပြုလုပ်လျက်ရှိ သည်။ နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့က လေကြောင်းပို့ဆောင်ရေးသမိုင်းတစ် လျှောက်တွင် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ် နှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်လာမည်ဖြစ်ကာ လိုအပ်သည်များကို ပြင်ဆင်နေကြောင်း ပြော ကြားခဲ့သည်။