images
UN
UN
ရေလုံသည့် iPhone မော်ဒယ်သစ်အား ဈေးကွက်တင်ရန် ပြင်ဆင်
NG(Ref; USA Today) Thursday, 10 September 2020
Apple ကုမ္ပဏီသည် ရေလုံသည့် iPhone မော်ဒယ်သစ်အား ဈေးကွက်တင်ရန် မူပိုင်ခွင့် မှတ်ပုံတင်မှု ပြုလုပ်ခဲ့ကြောင်း အမေရိကန် နေ့စဉ်သတင်းဌာနက ဖော်ပြသည်။
မှတ်ပုံတင်ခဲ့သော iPhone ၏အသွင်သဏ္ဌာန်နှင့်အသေးစိတ်အချက် အလက်များသည် Apple Watch တွင် အသုံးပြုထားသောရေလုံသည့် စနစ်နှင့် တူညီသည်ဟုလည်း အတည်ပြုထားသည်။ ရေလုံစေရန် အတွက် အသံလှိုင်းများ၊ ဖိအားပေးသည့်စနစ်များ မျက်စိဖြင့် မြင်ရန် မလွယ်ကူသည့်အလွှာများကို အသုံးပြုသည့်လုပ်ဆောင်ချက်များကို ပေါင်းစပ်တည်ဆောက်သွားမည်ဖြစ်သည်။ iPhone အသုံးပြုသူများ သည် ရေလုံသည့် iPhone မ်ာဒယ်များ ထုတ်လုပ်ပေးရန် တောင်းဆို မှု မြင့်တက်လာခြင်းကြောင့် Apple ကုမ္ပဏီသည် အဆိုပါမော်ဒယ်အမျိုး အစားအား ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထုတ်လုပ်မည့် iPhone မ်ာဒယ်သစ်သည် ရေကူးခြင်း၊ သတ်မှတ်ရေအနက်သို့ ရေငုပ် ခြင်းများ ပြုလုပ်ရာတွင် iPhone ကိုယ်ထည်တွင် ရေဝင်ရောက်ရန် အခွင့်အလမ်းအများဆုံးနေရာများဖြစ်သော စပီကာများနှင့် အားသွင်းသည့် နေရာများကို ရေမဝင်နိုင်အောင် အဓိကထား လုပ်ဆောင်ရန် စီစဉ်ထား သည်။