images
UN
UN
ငွေမသုံးနိုင်သော်လည်း အောင်မြင်မှုကိုဆက်ထိန်းနိုင်မည်ဟု ကလော့ပ်ယုံကြည် မန်စီးတီးနှင့်ချဲလ်ဆီးတို့အား ဈေးကွက်အတွင်းယှဉ်နိုင်မည်မဟုတ်ဟု ဖွင့်ဟ
Ref; Dailymail Thursday, 10 September 2020
လီဗာပူးနည်းပြ ဂျာဂင်က လော့ပ်က ယခုအပြောင်းအရွှေ့ကာ လတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ စွာပြုလုပ်ခြင်းမရှိသော်လည်း အောင်မြင်မှုအား ဆက်ထိန်းထား နိုင်မည်ဟု ယုံကြည်ကြောင်း ပြော ကြားလိုက်သည်။ လီဗာပူးသည် လက်ရှိအချိန်ထိ ဘယ်နောက်ခံက စားသမားဆီမီကက်စ်တစ်ဦးတည်း ကိုသာ ပေါင် ၁၁ သန်းကျော်သုံး ၍ ခေါ်ယူထားနိုင်သေးသည်။ အ မှတ်ပေးဖလားအတွက် အဓိကပြိုင် ဘက်များဖြစ်သော မန်စီးတီး၊ ချဲလ်ဆီးစသောအသင်းများမှာ ငွေ ကြေးရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ် ထားပြီဖြစ်သည်။
''ကျွန်တော်တို့အားလုံးဟာ လက်ရှိမှာမသေချာမှုတွေများနေတဲ့ ကမ္ဘာမှာနေထိုင်ကြပါတယ်။ ဒါ ကြောင့် အသင်းတစ်သင်းနဲ့တစ် သင်းကြားမှာလည်း ရည်ရွယ်ချက် တွေ၊ မူဝါဒတွေ တူညီနိုင်စရာရှိ မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြီး ခဲ့တဲ့နှစ်ရာသီက ချန်ပီယံလိဂ်ဗိုလ် လုပွဲရောက်ခဲ့ပါတယ်။ နောက်တစ် ရာသီမှာတော့ အဲဒီမှာ ဗိုလ်စွဲခဲ့ပါ တယ်။ ပြီးခဲ့တဲ့ရာသီကတော့ ပရီး မီးယားလိဂ်မှာ ကျွန်တော်တို့ချန်ပီ ယံဖြစ်ခဲ့ပါတယ်။ ဒါဟာ ကျွန် တော်တို့အသင်းရဲ့ တစ်ဆင့်ချင်း တိုးတက်မှုကို ရှာဖွေနိုင်တဲ့အခြေ အနေလို့ ပြောရမှာပါ။ နည်းလမ်း ကို ကျွန်တော်တို့ဆက်ပြီးသုံးသွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေ နဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ၁၁ ယောက်ကိုခေါ်နိုင်မှာမဟုတ်ပါ ဘူး''ဟု ကလော့ပ်က ပြောကြား ခဲ့သည်။
ထို့ပြင် ကလော့ပ်က လီဗာ ပူးအနေဖြင့် မန်စီးတီးနှင့်ချဲလ်ဆီး တို့ကဲ့သို့ အပြောင်းအရွှေ့ဈေးကွက် အတွင်း ငွေကြေးသုံးစွဲမှုများစွာပြု လုပ်နိုင်မည်မဟုတ်ကြောင်း ပြော ကြားခဲ့သေးသည်။ လီဗာပူးသည် ပြီးခဲ့သော ဘောလုံးရာသီများအ တွင်း နောက်တန်းကိုအင်အားဖြည့် ရန်အတွက်စံချိန်တင်ငွေသုံးစွဲမှုများ ပြုလုပ်ခဲ့ဖူးသည်။ သို့သော် ယခု အပြောင်းအရွှေ့ကာလ၌ ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာ၏ ရိုက်ခတ်မှု ကြောင့် ဝင်ငွေများကျဆင်းသွားခဲ့ သဖြင့် အပြောင်းအရွှေ့ကာလတွင် သုံးစွဲမည့်ရန်ပုံငွေမှာအကန့်အသတ် များရှိလာခဲ့ခြင်းလည်းဖြစ်သည်။