images
UN
UN
လာလီဂါပြိုင်ပွဲမစတင်မီတစ်ရက်အလို၌ အစောဆုံးပွဲစဉ်အား ရွှေ့ဆိုင်းမှုပြုလုပ်ရ
Ref; Footballespana Thursday, 10 September 2020
ယခုတစ်ပတ်တွင် ပြန်လည်စတင်မည့် လာလီဂါပြိုင်ပွဲ၏ အစောဆုံး ပွဲစဉ်ဖြစ်သော ဂရန်နာဒါနှင့်ဘီလ်ဘာအိုပွဲစဉ်အား ရွှေ့ဆိုင်းလိုက်ပြီဖြစ် သည်။ စပိန်တွင် လာလီဂါနှင့်စပိန်ဘောလုံးအဖွဲ့ချုပ်တို့ကြား တနင်္လာ နှင့်သောကြာပွဲစဉ်ဇယားများနှင့်ပတ်သက်၍ ညှိနှိုင်းမှုအဆင်မပြေသေး ပေ။ စပိန်ဘောလုံးအဖွဲ့ချုပ်ဘက်မှ တနင်္လာနှင့်သောကြာပွဲစဉ်များကို ဖျက်သိမ်းရန်တောင်းဆိုမှုများလုပ်ထားသော်လည်း လာလီဂါဘက်မှ ယခင်အစီအစဉ်များအတိုင်း ပွဲစဉ်ဇယားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခု အခါတွင် အဖွဲ့ချုပ်နှစ်ခုကြား ဆွေးနွေးမှုများထပ်မံပြုလုပ်နေပြီး အဆိုပါ ပွဲစဉ်အား စနေနေ့တွင် ပြန်လည်ယှဉ်ပြိုင်ရန်ဆွေးနွေးခဲ့ပြီး အတည်ပြုနိုင် ခဲ့ပြီဖြစ်သည်။ လာလီဂါပြိုင်ပွဲ ပြန်လည်စတင်ပြီဖြစ်သော်လည်း ရီးရဲလ် မက်ဒရစ်၊ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့၏ပွဲစဉ်များကို ရွှေ့ဆိုင်း ထားခြင်းကြောင့် ပွဲစဉ်အနည်းငယ်ဖြင့်သာ စတင်ရမည်ဖြစ်သည်။ လက်ရှိ တွင် တနင်္လာနေ့၌ယှဉ်ပြိုင်ရန်စီစဉ်ထားသော အလာဗက်စ်နှင့်ဘက်တစ် တို့ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းမည့်အခြေအနေရှိနေသည်။ လာလီဂါက ဘောလုံးအဖွဲ့ချုပ်ဘက်မှ တောင်းဆိုသည့်ကိစ္စကြောင့် အသင်းများနစ်နာမှု မရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တစ်ရာသီ လုံးအတိုင်းအတာဖြင့် သောကြာနေ့နှင့်တနင်္လာနေ့ပွဲစဉ်များကို ထည့်သွင်း ထားခြင်းကြောင့် အဖွဲ့ချုပ်နှင့်ညှိနှိုင်းမှုအဆင်မပြေပါက ပွဲစဉ်များစွာကို ထပ်မံရွှေ့ဆိုင်းရဦးမည်ဖြစ်သည်။