images
UN
UN
အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရန်နီးကပ်လာချိန်တွင် တာလီဘန်စေ့စပ်ညှိနှိုင်းရေးခေါင်းဆောင်နှင့် အမေရိကန်သံတမန်တွေ့ဆုံ
KK(IR) Wednesday, 09 September 2020
အာဖဂန်အစိုးရကိုယ်စားပြု အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများကျင်းပရန် တာလီဘန်အဖွဲ့ ခေါင်းဆောင်အသစ်နှင့် အမေရိ ကန်အထူးသံတမန်တို့သည် ဒိုဟာ တွင် တွေ့ဆုံဆွေးနွေးပွဲ တစ်ပွဲကို ကျင်းပခဲ့သည်ဟုရိုက်တာသတင်း ဌာနက ဖော်ပြသည်။
အမေရိကန်နှင့်တာလီဘန်တို့ အကြားသဘောတူညီမှုရလဒ်အဖြစ် တာလီဘန်အကျဉ်းသား ၅ဝဝဝ သို့မဟုတ် ကျန်ရှိနေသော ဒါဇင် ဝက်ကို လွှတ်ပေးပြီးနောက် ဒိုဟာ တွင် စေ့စပ်ညှိနှိုင်းမှုများကိုစတင် ခဲ့သည်။ အာဖဂန် စေ့စပ်ညှိနှိုင်းသူ သည် ကဘူးလ်မှ ဒိုဟာသို့ ယခု သီတင်းပတ်တွင် သွားရောက်ရန် မျှော်လင့်ထားသော်လည်း အာဖဂန် အစိုးရ၏ အကျဉ်းသားများ ဆက် လက်လွှတ်ပေးမည့်အရိပ်အခြေကို စောင့်စားလျက်ရှိသည်။ တာလီ ဘန်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာရုံး အကြီးအကဲမူလာအက်ဒူဂါနီဘာ ရာဒါနှင့်တာလီဘန်စေ့စပ်ညှိနှိုင်း ရေးအဖွဲ့ခေါင်းဆောင်သစ်အက်ဘ် ဒူဟာကင်ဟတ်ကာနီတို့သည် ခါ လီဇတ်နှင့်ကာတာ ဒုတိယဝန်ကြီး ချုပ်တို့နှင့် ဒိုဟာတွင် ယခုလ ၇ ရက်တွင် တွေ့ဆုံခဲ့ကြသည်ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမိုဟာမက်နီအင်က တွစ် တာတွင် ရေးသားခဲ့သည်။
အကျဉ်းသားများလွှတ်ပေးမှု နှင့်ဆက်နွှယ်ပြီး ထုတ်ပြန်ပြီး အာဖဂန်အကြားဆွေးနွေးပွဲများ ချက်ချင်းစတင်ဆွေးနွေးမည်ဟု နီအင်က ပြောကြားခဲ့သည်။ ယခု နှစ်အတွင်း အမေရိကန်နှင့်ငြိမ်း ချမ်းရေးစာချုပ်လက်မှတ်ရေး ထိုးခဲ့သော ဘာရာဒါဦးဆောင်ပြီး လွန်ခဲ့သော နှစ်နှစ်က အမေရိကန် အရာရှိများနှင့်ဆွေးနွေးမှုများသည် နိုင်ငံတကာစစ်တပ်များ ဆုတ်ခွာ ခြင်းနှင့် အာဖဂန်တွင် စေ့စပ်ညှိ နှိုင်းမှုများ လုပ်ဆောင်နိုင်မည့် လမ်းစ ပွင့်စေခဲ့သည်။

Ref: Reuters