images
UN
UN
ရခိုင်ဒေသမှာ လုံခြုံရေးကိုအတိအကျချပြီးတော့ ဝင်လာနိုင်တဲ့အနေအထား ဝင်လာနိုင်တဲ့ အခြေအနေအားလုံးကို တကယ်ကို အရေးယူနိုင်တဲ့ အနေအထားမျိုး ဖြစ်ဖို့လိုတယ်
ကိုနေ၊ ဗိုလ်စော Tuesday, 25 August 2020
COVID-19 ဒုတိယလှိုင်း ရခိုင်ပြည်နယ်တွင်ကူးစက်မှုမြင့်တက်လာမှုအပေါ်လာမယ့်ရွေးကောက် ပွဲဘယ်လောက် ထိခိုက်လာနိုင်ပြီး ဒီဒုတိယလှိုင်းဘယ်လိုစတင်လာခဲ့မှုနှင့်ပတ်သက်၍ အမျိုးသားတိုး တက်ရေးပါတီအထွေထွေအတွင်းရေးမှူးဦးအောင်ဖြိုးကျော်အား ပြည်ထောင်စုနေ့စဉ်မှဆက်သွယ်မေးမြန်း ထားသည်များအား ဖော်ပြအပ်ပါသည်။
မေး။ မြန်မာနိုင်ငံအနောက်ဘက် ပိုင်းက ရခိုင်ပြည်နယ်မှာ
COVID-19 ကူးစက်မှု မြင့်လာ မှုဟာအနောက်စည်းရိုးကျိုးပေါက် နိုင်မှုနှင့်သက်ဆိုင်မှုရှိနေမလားခင် ဗျ။
ဖြေ။ အနောက်စည်းကနေပေါက် လာတဲ့ သဘောပေါ့နော်။
ကျွန်တော်တို့ ကြားတဲ့သတင်းဆို ရင် အဲဒီလို COVID-19 ရှိခဲ့တဲ့ စခန်းတွေကို သွားခဲ့တဲ့ foreigner တစ်ယောက်ရှိခဲ့တယ်လို့ ကြားမိ တယ်။ CB ဘဏ်က စတယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်လို့ ဆိုတဲ့အချိန်မှာ စတွေ့တဲ့နေ့မှာ နောက်တစ်ခုကအဲဒီ foreigner လည်းသွားပြတယ်။ အဲဒီနှစ် ယောက်စလုံးမှာ ရောဂါဖြစ်တယ် လို့ပြောတယ်။အကြောင်းကတော့ တရားဝင်ထုတ်ပြန်မှုကတော့ CBဘဏ်က မိန်းကလေးကိုပဲ ထုတ် ပြန်ထားတယ်။ foreignerကိစ္စက ပျောက်နေတယ်။ အဲဒီသတင်း မှန်လား မှားလားဆိုတာကတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးဆဲပဲ ဖြစ်တယ်။ ကျွန်တော်တို့ကြားရတဲ့ သတင်းပေါ့။ ဒီ foreignerနဲ့ ထိ တွေ့ခဲ့တဲ့ ဒီ NGO မှာ လုပ်နေတဲ့ foreigner အဲဒီစခန်းတွေကိုသွားခဲ့ ပြီးထိတွေ့ခဲ့တဲ့သူတွေရယ်၊ အဲဒီ မိန်းကလေးကလည်း ဥဒဟိုသွား လာခဲ့တာတွေ့ရတယ်။ ထို့အတူပဲ ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ် ခုမှာဦးဇော်ဌေးကပြောခဲ့တာ ဒီဝင် ထွက်သွားလာနေတှဲု့JhINGO? NGO အဖွဲ့အစည်းတွေရဲ့ ဒီအခြားသူတွေ ကတစ်ဆင့် ဒီကလူတွေကို ကူး တယ်ဆိုတဲ့ ဒီသတင်းကို ဆက်စပ် ကြည့်ရင် ဒီအနောက်ဘက် တံခါး ဟာသေချာတယ်။ အနောက်ဘက် တံခါးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကလူ တွေကလည်းCOVID-19 ဒုတိယ လှိုင်းကိုခံစားနေရတယ်။အဲဒီတော့ အဲဒီလူတွေက ဟိုဘက်ဒီဘက်ကူး လူးဆက်ဆံမှုတွေဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကဒါကြောင့်ဖြစ်တယ် လို့ပဲယူဆတယ်။ နောက်တစ်ချက် က ဒီလိုမျိုးတွေ ဒီလိုမျိုးတွေဝင် လာတဲ့အခါ စစ်တွေCB ဘဏ်က သွားခဲ့တဲ့ခရီးစဉ်ကမနည်းဘူး။ ဒါ ကြောင့်လည်း ရခိုင်ပြည်နယ်ထဲက ဒေသတော်တော်များများ ဖြစ်လာ တာကိုတွေ့ရတယ်။ အဲဒီတော့သူနဲ့ ထိတွေ့ခဲ့တဲ့မိသားစုဝင်တွေကော၊ စစ်တွေဒေသခံတွေရော ထပ်တွေ့ တာတွေ့ရတယ်။ အဲဒါကြောင့်မို့ စစ်တွေမြို့ရဲ့အခြေအနေဟာ တော် တော်ဆိုးလာတာ တွေ့ရတယ်လို့ ကျွန်တော်တို့ သိရတယ်။ တချို့ မမြင်ရတဲ့ဒေသတွေမှာ ဒါမျိုးထိ တွေ့ခဲ့တာတွေရှိကောင်း ရှိနေနိုင် တာလည်း ရှိနိုင်တယ်လို့ ကျွန် တော်တို့သုံးသပ်တယ်။ အဲဒီလို စစ် တွေကနေ သတင်းတွေကြားကြား ချင်းစစ်တွေက နေရန်ကုန်ထဲကိုဝင် လာတဲ့သူတွေကို Cut Out လုပ် တယ် Quarantine ဝင်တာတွေကို လုပ်နေတာကို ကျွန်တော်တို့တွေ့ ရတယ်။
အဲဒီလိုဝင်လာတယ်လို့ ပြောပေမယ့် တချို့ကိုယ်ပိုင်ကား တွေနဲ့ဝင်လာတဲ့သူတွေ ကားငှားပြီး ဝင်လာတဲ့သူတွေကို ရုတ်တရက်မ တားဆီးနိုင်တာမျိုးတွေကိုတော့ ကျွန်တော်တို့သိရတယ်။ အဲဒီတော့ ဒီအထဲကို ဝင်လာတာမျိုးတွေ ဒီ စစ်တွေနဲ့ ရန်ကုန်နဲ့ကြားမှာ ရှိတဲ့ သူတွေကို မြို့နယ်လေးမြို့နယ် လောက်ကနေ Cut Out လုပ်ထား တာတွေ ကျွန်တော်သိရတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည် သူလူထုနဲ့ ရန်ကုန်မှာရှိတဲ့ ပြည်သူ လူထုနဲ့ကုန်စည်စီးဆင်းသွားလာမှု ရပ်တန့်နေတာတွေ့ရတယ်။ အရင် တုန်းကတော့ ရန်ကုန် အင်းစိန်မှာ lockdown ချတာ ရန်ကုန်မြို့ကြီး မှာ lockdown တော်တော် များများ ဖြစ်တဲ့အချိန်မှာူသခိုသတည ချထားတဲ့ အချိန်မှာတော့ ရန်ကုန်က ကားတွေက ရခိုင်သွား ရင်ရခိုင်ကကားသမားတွေကရခိုင် ကိုပြန်သယ် ရန်ကုန်က ကားသမား တွေက ရန်ကုန်ကိုပြန်သယ်တာမျိုး တွေလုပ်တာမျိုးတွေရှိတယ်။ အခု ကတော့ ဟိုဘက်ကကားသမား လာရင် Quarantine ဝင်ရတော့ မယ့်ပုံစံဖြစ်လာတယ်။ အဲဒီလိုဆို တော့ကုန်စည်စီးဆင်းမှုတွေက ရပ် တန့်သွားတဲ့အခြေအနေမှာရှိတယ်။ လက်ရှိရခိုင်ပြည်နယ်ဘက်က ခံ စားနေရတဲ့ကိစ္စဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ဒေသဆိုင်ရာ ဖြတ် တောက်ရမှာမဟုတ်ဘဲနဲ့ တကယ့် အနောက်စည်းတံခါးပေါက်ကိုလုံး ဝပိတ်လိုက်ရမှာဖြစ်တယ်။ ရခိုင် ဒေသမှာ လုံခြုံရေးကိုအတိအကျချ ပြီးတော့ဝင်လာနိုင်တဲ့အနေအထား ဝင်လာနိုင်တဲ့အခြေအနေအားလုံးကို တကယ်ကို အရေးယူနိုင်တဲ့အနေ အထားမျိုးဖြစ်ဖို့လိုတယ်။ ဒုက္ခ သည်စခန်းတွေကနေလက်ခံနေတာ တွေဘာတွေကိုလည်း စနစ်တကျ စိစစ်ဖို့လိုပြီလို့ ကျွန်တော်တို့က ပြောချင်တယ်။ ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံရေး ဟိုဘက်နိုင်ငံ က လူတွေက ဒီဘက်နိုင်ငံကိုလာ တယ်။ ဒီဘက်ကနေ ဟိုဘက်ကို ပြန်သွားတယ်။ ပြီးရင် ခဏဒီဘက် ကိုပြန်ဝင်လာတယ်။ ဒါမျိုးတွေ ဟာ အန္တရာယ်များတဲ့ အနေအထား ပဲဖြစ်တယ်။ ဒါမျိုးတွေက ဆက် လက်မထိန်းနိုင်ရင်ဒီကိုဗစ်ရဲ့ပေါက် ကွဲမှုက ပိုပြီးကြီးထွားလာ မယ်လို့ ကျွန်တော်ထင်တယ်ဗျ။
မေး။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ် နိမိတ်ကအရမ်းကျယ်လွန်း
နေတော့ ဒီရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်ရင် ရွေးကောက်ပွဲ အပေါ်ဘယ်လို ထိခိုက်သွားနိုင် တာမျိုးရယ် ရခိုင်ပြည်နယ်နဲ့ ထိစပ် နေတဲ့ပြည်နယ်တွေနဲ့ တိုင်းဒေသ ကြီးတွေကိုလည်းဘယ်လိုထိခိုက် လာနိုင်လာမလဲခင်ဗျ။
ဖြေ။ ဒါအများကြီးထိခိုက်နိုင်ပါ တယ်ခင်ဗျ။
၂ဝ၂ဝ ရွေး
ကောက်ပွဲဟာလည်းတစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်လို့ မြင် တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ဆက်စပ်နေတဲ့ ဧရိယာကိုပြောမယ် ဆိုရင် ချင်းပြည်နယ်၊ မကွေးတိုင်း တင်မကဘူး ဧရာဝတီတိုင်း၊ ပဲခူး တိုင်းရှိမယ်။ ဒါတွေဟာ တကယ့် အရေးကြီးတဲ့ ဧရိယာတွေဖြစ်နေ တယ်။ပဲခူးအနောက်ခြမ်း၊ဧရာဝတီ တိုင်းငသိုင်းချောင်းဘက်က လာ တယ်။ ဆိုလိုတဲ့သဘောက ဒီလို ကျယ်ပြန့်လှတဲ့ ဧရိယာက မရဘဲ ကားလမ်းကြောင်းက မလာဘဲ လှေလမ်းကြောင်းတွေ ကုန်းလမ်း ကြောင်းလာမယ်ဆိုရင် အဲဒီဒေသ မှာရှိတဲ့ ဒေသခံတွေက ကျန်းမာ ရေးအသိ ကျန်းမာရေးအမြင်ရှိကြ ဖို့ လိုတယ်လို့ ကျွန်တော် ထင် တယ်။ ပြီးတော့ ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်တွေက အရင်က တည်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာက လုံခြုံ ရေးအရ အဲဒီဒေသတွေက နဂိုက တည်းက ရွေးကောက်ပွဲ ဖြစ်မယ် လို့ ထင်မထားဘူး။ ရွေးကောက်ပွဲ ကော်မရှင်က အာမခံချက်မပေး နိုင်တဲ့ လက်ရှိ ကိုဗစ်ကော နောက် ပြီး လုံခြုံရေးကိစ္စရပ်ကော ဆိုတော့ ဒါဟာ ရွေးကောက်ပွဲဖြစ်ဖို့ရာခိုင် နှုန်းကတအားနည်းသွားပြီ။ ဒါက တကယ်ဖြစ်လာမယ် မဖြစ်လာဘူး ဆိုတာကတော့ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့စိတ်ဝင်စားမှုအဲဒီမှာ ရှိတဲ့လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ အတူ အခြား ဗဗ လက်နက်ကိုင် အဖွဲ့တွေရယ်၊ အကြမ်းဖက်တိုက် ခိုက်နေတဲ့ အဖွဲ့တွေရယ်အပေါ် မှာသာ အဓိပ္ပာယ်သက်ရောက် နေတယ်။ ထပ်ပြီးတော့ အခု ကိုဗစ်ကလည်း ထပ်လာပြီဆိုတော့ အဲဒီဒေသရဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆို တာမသေချာမရေရာဘူး။စိုးရိမ်ရ တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ပြီး တော့ အဲဒီဒေသတွေမှာ လက်ရှိ အာဏာရပါတီကလည်း အနိုင်မရှိ တာမျိုးလည်း ရှိတယ်။ ပြီးတော့ အဲဒီဒေသတွေက ရခိုင်အမျိုးသား တွေက ရခိုင်ပါတီကိုပဲ နိုင်တာ တွေ့ရတယ်။ အဲဒီတော့ ရခိုင်အမျိုး သားတွေရဲ့ နေရာတွေ အဲဒီနေရာ တွေမှာ နည်းသွားမယ်ဆိုရင် တစ် နိုင်ငံလုံးရဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဟာ လည်း အားနည်းသွားနိုင်တဲ့ အနေ အထားမျိုး ဖြစ်သွားမယ်။ အဲဒီ အချိန်မှာ တစ်နိုင်ငံလုံးရွေးကောက် ပွဲ မကျင်းပနိုင်ဘူးဆိုရင် ရွေး ကောက်ပွဲဟာဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ စဉ်းစားစရာဖြစ် လာတယ်။ အဲဒီမှာ ဆက်စပ်နေတဲ့ ချင်းပြည်နယ်ရှိမယ်၊ မကွေးတိုင်း ရှိမယ်၊ ပဲခူးတိုင်းရှိမယ်၊ ဧရာဝတီ တိုင်းရှိမယ်။ ဒါတွေက ဆက်စပ် နေတဲ့ဒေသတွေဖြစ်တဲ့အတွက် အဲဒီ ဒေသတွေလည်း အန္တရာယ်ရှိတဲ့ ဒေသတွေ ဖြစ်လာနိုင်တယ်။
(ဆက်လက်ဖော်ပြမည်)