images
UN
UN
မဲဆွယ်စည်းရုံးရေးက အခက်အခဲတွေ ဖြစ်သွားပြီ ကော်မရှင်အနေနဲ့ ဘယ်လိုစဉ်းစားမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်
ကိုနေ၊ ဗိုလ်စော Saturday, 22 August 2020
ရခိုင်ပြည်နယ်တွင် CoviD-19 ရောဂါကူးစက်မှုများကြောင့်အဆက်အသွယ် ဖြတ်တောက်မှုများဖြစ်ခဲ့သည့်အတွက်လာမယ့် ရွေးကောက်ပွဲ အပေါ် အကျိုးသက်ရောက်မှုများရှိလာနိုင်သောကိစ္စရပ်များနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကို ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းထားမှုများအားဖော်ပြအပ်ပါသည်။
မေး။ ရန်ကုန်-စစ်တွေလေယာဉ် ကော ကားကော ခရီးစဉ်
တွေကို ရပ်နားထားတာတွေရှိနေ ပါတယ်။ ကျောင်းတွေလည်း ပိတ် ထားလိုက်ပြီဆိုတော့ ရွေးကောက် ပွဲအတွက် အန်တီရဲ့အလားအလာ အမြင်ကို သိချင်ပါတယ်ခင်ဗျ။
ဖြေ။ ဒါကတော့ ကော်မရှင် အပေါ်မှာမူတည်တယ်ပေါ့
နော်။ ဘယ်လောက်အတိုင်းအတာ အထိ အန်တီတို့ဘက်မှာ ထပ်တိုး မယ်ဆိုတာ ဘယ်သူမှ ပြောလို့ မရဘူး။ အဲဒီအတွက်ကြောင့် ဒါ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ အခုဆိုရင် လေယာဉ်တွေလည်း သုံးပတ် လောက်ပိတ်လိုက်တယ်ကြားတယ်။ အန်တီတို့လည်း လွှတ်တော်လည်း ၂၈ ရက်နေ့ပြီးပြီ။ ဒါကြောင့် အန် တီတို့က လကုန်တာနဲ့Campaign ရောက်ပြီ၊ မဲဆွယ်စည်းရုံးရေးပေါ့။ အဲဒါကြောင့်မို့လည်း အန်တီတို့ လွှတ်တော်ကိုယ်စားလှယ်တွေမဲဆွယ် စည်းရုံးရေးသွားရတော့မယ်။အဲဒါ ကြောင့်မို့ မဲဆွယ်စည်းရုံးရေးက လည်း ဒါဟာ အခက်အခဲတွေ ဖြစ် သွားပြီပေါ့နော်။အဲဒီအတွက်ကြောင့် ကော်မရှင်အနေနဲ့ ဘယ်လိုစဉ်းစား မလဲဆိုတာကို အန်တီတို့ စောင့် ကြည့်ရမှာဖြစ်ပါတယ်။ ဒီရောဂါ ကလည်း တော်တော်လေးကြောက် ဖို့ကောင်းတဲ့ ရောဂါပေါ့နော်။ အခု ဆိုလို့ရှိရင် နေ့တိုင်းလိုလို တိုးနေ တာတွေ့တယ်ပေါ့နော်။ အဲဒီ အတွက်ကြောင့်လည်း အခုဆိုရင် အရေးပေါ်အခြေအနေတွေ ဖြစ် သွားပြီလေ။ အဲဒီအတွက်ကြောင့် ဒီဟာကိုထိန်းချုပ်ဖို့အတွက်ကြောင့် လည်း အရမ်းအရေးကြီးနေပြီ ဒါက ပြည်နယ်အစိုးရမှာလည်း အ များကြီး တာဝန်ရှိတယ်။အဲဒီတော့ ပြည်နယ်အစိုးရ ဦးဆောင်ပြီးတော့ အသင်းအဖွဲ့အစည်းတွေ အကုန်လုံး ပါပြီးတော့ ဒါကို ထိထိရောက် ရောက် ထိရောက်မှုရှိအောင် အမြန် ဆုံးလုပ်ရမှာဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် ရွေးကောက်ပွဲဖြစ် မယ် မဖြစ်ဘူးဆိုတာရယ်၊ နောက် ဆုတ်မယ် မဆုတ်ဘူးဆိုတာက တော့ ကော်မရှင်အပေါ်မှာမူတည် ပါတယ်ရှင့်။ အဲဒီတော့ ကော်မရှင် ရဲ့ထုတ်ပြန်ချက်က ဘယ်လိုဖြစ် မယ်ဆိုတာတော့ အန်တီတို့ စောင့် ကြည့်ရမှာ ဖြစ်ပါတယ်။
မေး။ ရခိုင်ပြည်နယ်မှာ ရွေး ကောက်ပွဲ မဖြစ်ဘူးဆိုရင်
ဘာများ ဆက်လက်ဆောင်ရွက် သွားဖို့ ရှိပါသလဲခင်ဗျ။
ဖြေ။ အဲဒါကတော့ မဖြစ်ဘူး ဆိုရင် သူတို့အနေနဲ့တော့
လောလောဆယ်မှာကျင်းပမယ့်ရက် မှာမကျင်းပဖြစ်ဘူးဆိုရင် ဒီရောဂါ တွေ ထိန်းချုပ်နိုင်တဲ့နေ့မှာတော့ သူတို့ ကျင်းပကောင်း ကျင်းပလာ နိုင်မှာပေါ့နော်။ ဘာကြောင့်လည်း ဆိုတော့ အန်တီတို့ မြောက်ပိုင်း တစ်ခုလုံးမှာ ကိုးမြို့နယ်လောက် ရှိတယ်ပေါ့နော်။
အဲဒီအတွက် ကြောင့် မြောက်ပိုင်းတစ်ခုလုံးကို ပိတ်လိုက်မယ်ဆိုရင်တော့ အန်တီ တို့ ရခိုင်ပြည်နယ်တစ်ခုလုံးကို ကျန်ရစ်ခဲ့သလို ဖြစ်မှာပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ အန်တီတို့ ရခိုင်ပြည်နယ်အတွက်တော့ ရက် ရွှေ့ဖို့လုပ်ရင်တော့ ရနိုင်ပါတယ် ပေါ့နော့်။ ဒီအတောအတွင်း COVID-19 ရောဂါ အခြေအနေ တွေဆိုးလာတယ်ဆိုရင်တော့ ရပ် ထားပြီးတော့ နောက်လအတွင်း လုပ်တာတို့ ဒါကတော့ UEC ၊ ရွေးကောက်ပွဲကော်မရှင်ရဲ့သဘော ပေါ့နော်။ ဒါကတော့ အန်တီတို့ ကတော့ ရွေးကောက်ပွဲဆိုတာ ကတော့အားလုံးလည်းတစ်ပြေးညီ လုပ်ဖို့ကတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ရှိတယ်။ လုပ်တော့ လုပ်ချင်ပေမယ့် လုံးဝ လုပ်လို့ မရတဲ့ အခြေအနေကတော့ ဒါသဘာဝတရားရဲ့ဖန်တီးမှုပဲလေ။ အဲဒီအတွက်ကြောင့် အန်တီတို့က တော့ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဘယ်အတိုင်းအတာအထိ ဘယ်လောက်လုပ်ဆောင်မလဲဆို တာကရွေးကောက်ပွဲ ကော်မရှင် အပေါ်မူတည်တယ်လို့ အန်တီတို့ ထင်တယ်။
မေး။ အခုလို ကပ်ရောဂါ အခြေ အနေကလည်းဆိုးလာတယ်
ဆိုတော့ လာမယ့်ရွေးကောက်ပွဲ အတွက် အန်တီတို့ မဲဆန္ဒရှင်တွေကို ဘာများ ပြောပြချင်တာရှိသလဲ ခင်ဗျ။
ဖြေ။ ဒါကတော့ အန်တီတို့ဘက်
မှာ ၂ဝ၁ဝ နောက်ပိုင်းကတည်း က တော်တော်များလာတယ်။ ၂ဝ၁၂ နောက်ပိုင်းမှာ ဆိုရင်လည်း အန်တီတို့ ရခိုင်ပြည်နယ် မြောက် ပိုင်းမှာ ဘင်္ဂါလီတွေ အရေးအခင်း ဖြစ်ခဲ့တာ ရှိတယ်။ နောက်တစ်ခါ ဒီဘက်ပိုင်းမှာဆိုရင် တိုက်ပွဲတွေ ပြင်းထန်လာတာ ရှိပါတယ်။ အဲဒီ လိုပဲ COVID-19 ရောဂါက လည်း ဖြစ်လာတယ်ပေါ့။ အဲဒီ အတွက်ကြောင့် အန်တီတို့ ရခိုင် ပြည်နယ်ဘက်မှာ တော်တော်လေး ကိုစိန်ခေါ်မှုတွေ များနေတာပေါ့ နော်။နဂိုကတည်းကဖွံ့ဖြိုးတိုးတက် မှု နောက်ကျနေတဲ့နေရာလည်း ဖြစ်တဲ့အတွက်ကြောင့် အန်တီတို့ ဘက်မှာ ပြည်သူတွေလည်း အသိ ရှိဖို့လိုတယ်။ နောက်တစ်ခုက အန်တီတို့ မြောက်ပိုင်းဘက်တွေမှာ စစ်ဘေးရှောင်တွေအများကြီး ရှိတဲ့အတွက်ကြောင့် အင်တာနက် တွေ ဖြတ်ထားတာ အများကြီး ဒုက္ခရောက်တယ်။ အင်တာနက်ရှိ တယ်ဆိုရင် COVID-19 ရောဂါ ကာကွယ်နိုင်မယ့် အချက်အလက် တွေကို သိမယ်ပေါ့နော်။
အခုက သူတို့က ဖွင့်ပေးပြီး ဆိုတော့လည်း ပဲ 2G ပေးပြီး လုံးဝသုံးလို့ မရတဲ့ အခြေအနေကို အစိုးရကလည်း သိပါတယ်။ အဲဒီတော့ သူတို့က သုံးလို့မရတဲ့ 2G လောက်ကို အန်တီတို့ ဘက်မှာ ဖန်တီးပေးထား တယ်ပေါ့။ အဲဒီအတွက်ကြောင့်ပဲ အန်တီတို့ဘက်မှာ COVID-19 ရောဂါအခြေအနေကို မသိရသလို၊ အခြားပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတွေကို ဒီအင်တာနက် ကို ဖွင့်ကြည့်ဖို့လည်း လိုပါတယ်။ အစိုးရကို တိုက်တွန်းချင်တာက ဒီ COVID-19 ရောဂါကို ထိန်းချုပ် ဖို့ဆိုရင် နောက်တစ်ခုက အန်တီတို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဒီစိန် ခေါ်မှုတွေကို ဖြတ်သန်းနေရတဲ့ အတွက် အင်တာနက်လိုင်းတွေကို အမြန်ဆုံးဖွင့်ပေးဖို့အတွက် အန်တီ တို့ အကြံပြုတိုက်တွန်းချင်တာ ရှိပါတယ်။ နောက်တစ်ချက်က ဒီ COVID-19 ရောဂါကို ကာကွယ် မယ်ဆိုရင် မိမိကအစ ကာကွယ် ရမှာ ဖြစ်ပါတယ်။ အဲဒီတော့အသိ ပညာပေးမှုအများကြီး လုပ်ရဦးမှာ ဖြစ်ပါတယ်။ နောက် Mask တွေ တပ်ဖို့ရယ်၊ ခုဟာက အန်တီတို့ ဘက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် လာတာဖြစ်ပါတယ်။ ဒီလိုတိုး လာတဲ့အတွက် တော်တော်လေးကို ပေါ့လျော့မှုတွေ ရှိတယ်ပေါ့နော်။ အခုက Mask တွေ တပ်ဖို့ရယ် လက်ဆေးဖို့ရယ်။ မိမိကိုယ်ကို မိမိကာကွယ်ဖို့ရယ်၊ နောက်ပြီး တော့အိမ်မှာနေပြီးတော့ ဘယ်မှ မသွားဖို့ သူတို့ကို အသိပညာပေးဖို့ အများကြီး လုပ်ဖို့ လိုအပ်ပါတယ်။
မေး။ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦး အနေနဲ့
လာမယ့်ရွေးကောက်ပွဲကာလမှာ ဘယ်လိုမျိုး Message စကားမျိုး ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ အန်တီတို့အနေနဲ့ကတော့ ဒီရွေးကောက်ပွဲမှာ အကုန်
လုံးတိုင်းနှင့်ပြည်နယ်ရွေးကောက် ပွဲလုပ်ဖို့ အန်တီတို့ သိထားပြီး ဖြစ် ပါတယ်။ အခုလောလောဆယ်မှာ တော့ အန်တီတို့ ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေ မြို့မှာတော့ ဒီ COVID-19 ရောဂါရဲ့ စိန်ခေါ်မှု တွေအပြင်းအထန် ဖြစ်နေတဲ့အခါ မှာ မူတည်ပြီးတော့ အန်တီတို့ ဘက်မှာ လုပ်ဖြစ် မလုပ်ဖြစ် မသေ ချာတဲ့အတွက် အန်တီတို့အနေနဲ့ ဒီကော်မရှင်အနေနဲ့ တစ်နေ့မှာပေါ့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်လို့ရမယ် ဆိုတဲ့ဟာတွေကို အကုန်လုံးနဲ့ တွေ့ ဆုံညှိနှိုင်းပြီးတော့ လုပ်စေချင် တယ်လို့ အန်တီတို့ ပြောချင်ပါ တယ်။အဲဒီလို တွေ့ဆုံညှိနှိုင်းဖို့ဆို တာ အန်တီတို့ ရခိုင်အမျိုးသား ပါတီလည်း ရှိတယ်။ နောက်ပြီး တော့ ရခိုင်လူထုလည်း ရှိတယ်။CSO တွေရှိတယ်။ နောက်ပြီး တော့ ရခိုင်အစိုးရလည်း ရှိပါ တယ်။ ဘယ်လို တစ်ပြေးညီ ရွေး ကောက်ပွဲကို လုပ်ပေးနိုင်မလဲ ဆိုတာ ရွေးကောက်ပွဲ ကော်မရှင်က တွေ့ဆုံညှိနှိုင်းဖို့ အန်တီတို့ အနေနဲ့ တောင်းဆိုချင်ပါတယ်။