images
UN
UN
ရုပ်သံနှင့်ဆိုင်သောစည်းမျဉ်းများက နိုင်ငံရေးပါတီများ၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ထိခိုက်စေဟုဆို
NG Wednesday, 19 August 2020
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရုပ်သံနှင့်ဆိုင်သော စည်းမျဉ်းများသည် နိုင်ငံရေးပါတီ များ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့်ဆိုင်သော အကြောင်း အရာများအား ထိခိုက်စေသော ကြောင့် ပြန်လည်သုံးသပ်မှုများ ပြုလုပ်သင့်သည်ဟုHuman Rights Watch အဖွဲ့က တိုက် တွန်းချက်ထုတ်ပြန်သည်။
နယူးယောက်မြို့တွင် အခြေ စိုက်ထားသော အဆိုပါအဖွဲ့က နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ ပိုင်ရုပ်သံနှင့် ရေဒီယိုများမှ တစ် ဆင့် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြု ချက်ရယူရန် လိုအပ်သည်ဟု သတ်မှတ်ထားသော ရုပ်သံထုတ် လွှင့်မှုနှင့်ဆိုင်သည့် စည်းမျဉ်းများ သည် နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အား ထိခိုက်မှုဖြစ်ပေါ်စေလျက်ရှိ သောကြောင့် ပြန်လည်သုံးသပ်မှု များ ပြုလုပ်သင့်သည်ဟု တိုက် တွန်းခဲ့ခြင်းဖြစ်သည်။Human Rights Watch အဖွဲ့၏ အာရှ ဒေသဆိုင်ရာဥပဒေအကြံပေးအဖြစ် တာဝန်ယူလျက်ရှိသော လင်ဒါ လက်ခ်ဒီယာက '' ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်း မျဉ်းတွေဟာ အစိုးရအဖွဲ့နှင့် တည်ဆဲဥပဒေတွေကို အတိုက် အခံနိုင်ငံရေးပါတီတွေဘက်က ဝေဖန်ထောက်ပြမှုတွေပြုလုပ်ဖို့ မလွယ်ကူတဲ့ အခြေအနေမျိုးဖြစ် နေတာကြောင့် ပြန်လည်သုံးသပ် သင့်ပါတယ်'' ဟု ပြောသည်။