images
UN
UN
နိုင်ငံရေးပါတီတွေ ပြည်သူတွေအားလုံးက ဖွဲ့စည်းပုံကို လေးစားလိုက်နာရမယ်လို့ ပြောထားတာ ကော်မရှင်က လေးစားလိုက်နာမှုမရှိတဲ့အတွက် ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာကို မေးခဲ့ပါတယ်
ကိုနေ၊ ဗိုလ်စော Monday, 17 August 2020
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ပါတီမှ ခေါင်းဆောင်များဟာ ယခုလ ၁၄ရက်က ဘုရင့်နောင် ဧည့်ရိပ်သာမှာတွေ့ဆုံ၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးမှုများနှင့် ပြုလုပ်ခဲ့မှုအပေါ် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေအား ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။
မေး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ခဲ့တယ်လို့
သိရပါတယ်။ နိုင်ငံရေးပါတီ ဘယ်နှပါတီလောက်နဲ့ တွေ့ခဲ့ပါ သလဲ ခင်ဗျ။ အဲဒီလိုတွေ့ဆုံပွဲမှာ ဘယ်လိုကိစ္စတွေကို ဆွေးနွေးခဲ့ပါ သလဲ ခင်ဗျ။
ဖြေ။ ကျွန်တော်တို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့
ပါတီပေါင်း ၃ဝ ကျော်လောက် တွေ့ဆုံခဲ့ပါတယ်ခင်ဗျ။ တွေ့တော့ အဲဒီမှာ ပါတီတွေ့တော့ ငါးဦးပေါ့ ခင်ဗျ။ ငါးဦးကို စကားပြောတယ်။ ငါးဦးကို စာရင်းပေးထားတယ်။ ဦးခင်မောင်ဆွေရယ်၊ ဦးသိန်းညွန့် ရယ်၊ ဒေါက်တာနေဇင်လတ်ရယ်၊ နောက်တော့ ဦးခွန်မောင်သောင်း ဆိုတာပအိုဝ်းကလွှတ်တော် အမတ် ပဲ။ နံပါတ် ၅ က ဒေါ်သက်သက် ခိုင် (PPP) ပါတီရယ် အဲဒီငါးဦး ကနေ စကားပြောဖို့ တစ်ဦးကို ရှစ်မိနစ်စီ၊ စကားပြောဖို့ ပြောပြီးတဲ့ အခါကျတော့ သူတို့စကားပြောလို့ ပြီးတဲ့အခါကျတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အခြား ပါတီတွေလည်း ပြောလို့ရပါ တယ်ဆိုတော့။ အန်ကယ်လည်း ပြောတယ်။ ဦးမျိုးညွန့်လည်းပြော တယ်။ ဦးမျိုးညွန့်ကတော့ နှုတ် ခွန်းဆက်စကားပေါ့။ အန်ကယ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကို နှစ်ပိုင်းပြောလိုက်ပါတယ်။ နံပါတ် (၁)က ၂ဝ၁ဝ ရွေးကောက် ပွဲကိုကမကထပြုပေးတဲ့ကာကွယ် ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကနေ ၂ဝ၁ဝပြည့်နှစ် မတ်လ ၂၇ရက်နေ့ တပ်မတော်မှာ မိန့်ခွန်းပြောတယ်။ စစ်မှန်တဲ့ပါတီစုံ စနစ်ကိုသွားမယ့်ပါတီတွေကို နိုင်ငံ တော်က ထောက်ပံ့ရမယ်လို့ပြော တယ်။ အမှတ်မမှားဘူးဆိုရင် အဲဒီ ခုနှစ်ထဲမှာပဲ ဇူလိုင်လလောက်မှာ စစ်မှုထမ်းဟောင်းများ ညီလာခံမှာ လည်းဒီမိန့်ခွန်းကိုထပ်ပြောတယ်။ အဲ့ဒီတော့ လက်ရှိကာကွယ်ရေးဦး စီးချုပ်ကကော ကျွန်တော်တို့နိုင်ငံ ရေးပါတီများကို စစ်မှန်တဲ့ပါတီစုံ ဒီမိုကရေစီသွားတဲ့ပုံစံမျိုး နိုင်ငံ ရေးပါတီများကို ပြည်ထောင်စု ဘတ်ဂျက်ကများ

ကျွန်တော်တို့ကို အဲဒီလိုထောက်ပံ့ဖို့ ရှိမရှိ၊ ဘာဖြစ် လို့လဲဆိုတော့ ကိုလံဘီယာမှာ FARC သူပုန်တွေက လက်နက် ချတဲ့အခါကျတော့ ကိုလံဘီယာ သမ္မတက အဲဒီ FARC သူပုန်တွေ ပါတီထောင်တဲ့အခါ ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေကမှ သူတို့ကို ပါတီထောင်ခွင့်ပေးတယ် လေ။ ဒါမှ ပါတီတွေဟာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်မှာ ပိုပြီး ရှင်သန်နိုင်မယ်လေ မဟုတ်ဘူး လား။ နံပါတ် (၂)က ဘာပြော လဲဆိုတော့ ရွေးကောက်ပွဲနဲ့ပတ် သက်ပြီး ကော်မရှင်နဲ့ပတ်သက်လို့ ကျွန်တော်တို့ Issue တူတဲ့ ပါတီ တွေ ပေါင်းပေါင်းပြီးတော့ ရွေး ကောက်ပွဲကော်မရှင်နဲ့တွေ့တဲ့အခါ ကျရင် ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ပြောခဲ့တယ်။ မယုံ ကြည်တဲ့အကြောင်းပြီးတော့ ရှက် ဖို့ကောင်းတာက ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က ကျွန်တော်တို့ ပါတီ တွေထက်တောင် သူက ပိုပြီးတော့ တောင် နိုင်ငံရေးသမား ပိုပီသ နေတယ်။ ကျွန်တော်တို့ပြောတာ ကို သူကအရေထူပြီးပြန်မပြော ဘူး။ ကျွန်တော်တို့ကတောင် အရေ မထူနိုင်ဘူးပေါ့နော်။ သူက ကျွန် တော်တို့ပြောတာကို အရေထူပြီး ပြန်မပြောဘူး။ ကျွန်တော်တို့ ပြော ခဲ့တယ်လေ။ မမျှတမှုတွေ၊ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုချိုးဖောက်မှုတွေ၊ ပြီးတော့မှလည်း melia ဟိုတယ် မှာလည်း code of conduct နဲ့ပတ်သက်ပြီး ပြောတယ်။ ဘယ် လိုပဲပြောပြော အန်ကယ်တို့ ခံ လည်းမပြောဘူး။ အဲ့ဒီတော့ လာ မယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကော်မရှင်ကိုမယုံတဲ့အတွက် ကော် မရှင် မျှမျှတတ ဖြစ်ဖို့အရေးကို ဒီဖွဲ့စည်းပုံအခန်း (၁)အခြေခံမူများ ဆိုတဲ့ ပုဒ်မ၆(စ)အရသော်လည်း ကောင်း အခန်း (၁) ပုဒ်မ၂ဝ(စ)နဲ့ (င)အရသော် လည်းကောင်း တပ် မတော်ဟာ ပေးထားချက်အရ မှန်မှန်ကန်ကန်ကော်မရှင်လုပ်ဖို့ ဘာများလုပ်ပေးနိုင်လဲ၊ နိုင်ငံရေး ပါတီတွေ ပြည်သူတွေ အားလုံး က ဖွဲ့စည်းပုံကို လေးစားလိုက်နာ ရမယ်လို့ ပြောထားတာ၊ အဲဒီတော့ ဒီဖွဲ့စည်းပုံကို ကော်မရှင်က လေး စားလိုက်နာမှုမရှိတဲ့အတွက် ဘယ် လိုလုပ်ပေးနိုင်သလဲ ဆိုတာကို မေးခဲ့ပါတယ်။
မေး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ငါးဦးကို ပြော
ခွင့်ပေးခဲ့သော်လည်း နောက်ထပ် ပြောချင်သူတွေ ပြောပါဆိုတဲ့ အချက်ကို ဆရာပြောခဲ့ပါတယ်။အဲဒီအပေါ်မှာ ဘယ်လိုအနှစ်ချုပ် စကားများ ပြောလို့ရမလဲခင်ဗျ။
ဖြေ။ ဦးခင်မောင်ဆွေရယ်၊ ဦး သိန်းညွန့်ရယ်၊ ဒေါက်တာ
နေဇင်လတ်ရယ်၊ ဒေါ်သက်သက် ခိုင်ရယ်၊ ဦးခွန်မောင်သောင်းရယ် ပအိုဝ်းအမျိုးသားပါတီကပေါ့နော်၊ သူတို့ပြောသွားတာကတော့ဒေါက် တာသက်သက်ခိုင်ကတော့ သူ့ ပါတီရဲ့မူဝါဒတွေပဲ ပြောသွားတယ် ပေါ့။ ဦးခင်မောင်ဆွေတို့၊ ဦးသိန်း ညွန့်တို့ကတော့ ဒီကော်မရှင်ကို မယုံရတဲ့အကြောင်းပြောသွားတယ်။
မေး။ ဟုတ်ကဲ့ပါဆရာ။ အဲဒီ အပေါ်မှာကောတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်က ဘာတွေ များပြောသွားတာရှိသလဲခင်ဗျ။
ဖြေ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောသွားတာက
တော့ ဆင်းရဲ ချမ်းသာကွာဟနေ တယ်ပေါ့။ ကျေးလက်နေ ပြည်သူ တွေရဲ့ ဆင်းရဲနေတာရယ် ၅ဒသမ ၆ရာခိုင်နှုန်းက စာမတတ်တာတွေ၊ စာရင်းအရ တွေ့တဲ့အတွက်ကို ပါတီစုံ ဒီမိုကရေစီ သွားမယ်ဆိုရင် စာတတ်မှလေ။ လူတွေ ချမ်းသာ စာတတ်မှLevel မြင့်လာမည်။ ဒါကို ပါတီတွေက မူဝါဒရေးဆွဲ တဲ့ ထဲမှာ ဒါတွေကို အဓိကံHight Light လုပ်ပြီး ပြောသွားတာပေါ့ နော်။ တပ်မတော် ကာကွယ်ရေးဦး စီးချုပ်က ဒီအချက်တွေ ပါစေချင် တယ်ပေါ့နော်။
မေး။ ဒီလိုပါတီတွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့
တွေ့ဆုံမှုကို ဘယ်လိုဆုံးဖြတ်ချက် မျိုးချလို့ ရမလဲခင်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့ သုံးသပ်ချက် လေးလိုချင်ပါတယ်ခင်ဗျ။
ဖြေ။ အဲဒီအပေါ်မှာ အန်ကယ်က တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် မဟုတ်တဲ့အတွက် ဦး ဘာမှ မှတ်ချက်ပေးမပြောလိုပါ ဘူး။ ဦးဘက်ကတော့ ဦးတို့ပြော စရာတွေ ပြောခဲ့ပါတယ်။ ပါတီ တွေဟာ ဒီလိုစိုးရိမ်နေတယ်ဆို တာတော့ သူသိသွားမှာပေါ့နော်။ ဦးမြင်တာတော့ ပါတီတွေက ဒီလို စိုးရိမ်တယ်လေ။ နောက်ဆုံးမြို တိုင်းရင်သား ပါတီဆိုလည်း အဲဒီ လိုပဲပေါ့နော်။ သူတို့ရဲ့ ရခိုင်ပြည် နယ် မြောက်ပိုင်းမှာ ဒီလို တရား ဥပဒေစိုးမိုးရေး မရှိတဲ့အတွက် သူတို့ စိုးရိမ်တာ ပြောသွားတယ် မဟုတ်ဘူးလား။ ဒီတွေ့ဆုံမှုအပေါ် မှာတော့ ဦးတို့ဘက်ကတော့ ပြော လိုက်ပြီ၊ ဘယ်လိုဖြစ်မယ်ဆိုတာ ဦးတို့က အနာဂတ်ကို ကြိုမမြင်တဲ့ အတွက်ကိုတော့ ဦးတို့က ပြောလို့ မရဘူးလေ။