images
UN
UN
လီဗာပူးနှင့်ရီးရဲလ်တို့မရှိတော့သော်လည်း ချန်ပီယံလိဂ်မှာခက်ခဲနေဆဲဟုဆေးလ်ဗားဆို
Ref; Reuters Thursday, 13 August 2020
မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ချန်ပီယံ လိဂ်ပြိုင်ပွဲအတွင်း လီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်တို့ကဲ့သို့အသင်းများမရှိ တော့သော်လည်း ပြိုင်ပွဲ၏ခက်ခဲမှုနှင့်ဂုဏ်သိက္ခာမှာ ကျဆင်းသွားခြင်း မရှိသေးကြောင်း ပြောကြားလိုက်သည်။ မန်စီးတီးသည် ရီးရဲလ်မက်ဒ ရစ်ကိုကျော်ဖြတ်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ ပြီး လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘာနာဒိုဆေးလ် ဗားက ''လီဗာပူးနဲ့ရီးရဲလ်မက်ဒရစ်တို့ ပြိုင်ပွဲကထွက်သွားကြရပေမယ့် ချန်ပီယံဖြစ်ဖို့ဆိုတဲ့စိတ်ကူးအတွက် ခက်ခဲမှုတွေကတော့ လျော့ပါးသွား တာမျိုးမရှိပါဘူး။ လိုင်ယွန်နဲ့ကျွန်တော်တို့ ကစားရမှာဖြစ်ပေမယ့် ပွဲ ချောင်နေတယ်လို့ သတ်မှတ်လို့မရပါဘူး။ ပြိုင်ပွဲရဲ့ ဒီအဆင့်ကိုရောက် လာတဲ့အသင်းအားလုံးဟာ အသင်းကောင်းတွေပဲဆိုတာကို နားလည် ထားရမှာပါ''ဟု ပြောကြားခဲ့သည်။